Chapter 19(Unicode&Zawgyi)

1.3K 110 1
                                    


လော့ရွှီ၏ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်ဘူးဟု ဝေ့လန်တစ်ယောက် ခံစားလိုက်ရသည်။ သူမသည် အထူးတန်းမှ ဖြစ်သည်။ သူမကဘယ်လိုလုပ်ပြီး အရမ်းကို နုံနုံအအကြီး ပြုမူနိုင်ရတာလဲ?

"မင်းက ငါတို့အတန်းရှေ့ ပေါ်လာပြီး ခပ်လျှိုလျှို ပြုမူချင်တုန်းလား?"

"ဒါဆို ငါက ဘာလုပ်သင့်လဲ?"

"ငါ့ကိုပြော ငါ သူမကို မင်းအစား မေးပေးမယ်"

လေ့ာရွှီသည် ဝေ့လန်အား အချိန်အကြာကြီး စိုက်ကြည့်နေသည့်အတွက် သူ့အား အနေရခက် စေ၏။

သူမဟာ နောက်ဆုံးတော့ ပြောလိုက်သည်။ "နင်က သူ့အရှေ့မှာ ထိုင်ပြီး တစ်တန်းလုံးမှာ နင်တစ်ယောက်ပဲ သူ့ရဲ့ WeChat ရှိတာ"

ရွှီရှင်းတောတွင် လူတိုင်းဟာ သူမနဲ့ စကားစမြည်ပြောနိုင်ရန်အတွက် အလွန်အေးစက်သော ပင်ကိုစရိုက် ရှိသည်။ တခြားတစ်ဖက်တွင် လော့ရွှီသည် သူမနှင့် စကားပြောရန် လက်ဦးမှု မယူပေ။ သူမဟာ တစ်နေ့လုံး အလွန်လေပေါလေသည်။သို့သော်လည်း
တစ်ယောက်ယောက် မျှော်မှန်းထားသည့်အတိုင်း ဆန့်ကျင်ဘက်အနေဖြင့် သူမမှာ တစ်သီးတစ်သန့်နေထိုင်တတ်သော ပင်ကိုစရိုက် ရှိသည်။

ရွှီရှင်းတောကျောင်းပြောင်းလာတာ ရက်အနည်းခန့် ရှိသွားပြီ ဖြစ်သည်။ သူမမှာ သူငယ်ချင်းတစ်ယောက်တောင် မရှိဘဲ တစ်ယောက်တည်းသာ ဖြစ်သည်။

လော့ရွှီက ပြောလိုက်သည်။ "ငါတို့မိတ်ကပ်အတန်းထဲက ကျန်းလုံထောင်းက သူမကို လိုက်ဖို့ လောင်းထားတဲ့အတွက် သူက သူမအနားမှာ ရစ်သီရစ်သီလုပ်နေလိမ့်မယ်။ ဒီလို အပြုအမူမျိုးက စိတ်ပျက်စရာကောင်းတယ်လို့ ငါထင်တယ်။ သူမကိုယ်သူမ အရူးမလုပ်ဖို့ ငါသူမကို ပြောချင်တာ"

ဝေ့လန်တစ်ယောက် နားထောင်ပြီးနောက် သူ၏ မျက်ခုံးများကို ပင့်လိုက်၏။

ကျန်းလုံထောင်းသည် သူ့ကို မသိသော်လည်း သူကတော့ ကျန်းလုံထောင်းနှင့် ရင်းနှီးလေသည်။ သူဟာ ကျားဟွာ နိုင်ငံတကာကျောင်းတွင် အတော်လေး စိတ်ကြီးဝင်သော ပုံရိပ်တစ်ခု ဖြစ်သည်။သူသည် သူတို့၏ နိုင်ငံတကာအတန်းများထဲမှ လူများကို ရန်မစရဲရုံသာဖြစ်သည်။အထူးသဖြင့် ထန်းယန်နှင့် သူ၏လူဆိုးဂိုဏ်းကိုပင်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now