Chapter 67(Unicode&Zawgyi)

1.1K 87 0
                                    



"ဒါနဲ့ သူက ချိန်းတွေ့ဖို့ သွားနေတာ မဟုတ်ဘူးလား?"

ရွှီရှင်းတောက မုချင်းယောင်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ မုချင်းယောင်တစ်ယောက် သိပ်မကြာခင်တုန်းက သူမရဲ့မိသားစုနှင့် ကိုးရို့ကားရားနိုင်သည့် ဆက်ဆံရေးရှိခဲ့သည့်အတွက် သူမက သူမနှင့်ရှန်းကျုဟန်၏ဆက်ဆံရေးကို တည်ငြိမ်အောင် ကြိုးစားနေတာ ဖြစ်သည်။ ယနေ့တွင် သူမက ရှန်းကျုဟန်နှင့် ချိန်းတွေ့ဖို့ သွား၏။

ဒီတစ်ခေါက် ရွှီရှင်းတောအား ပတ်မှတ်ထားခြင်းက ရှန်းကျုဟန်နှင့် မုချင်းယောင်၏ ဆက်ဆံရေးအပေါ် ဆိုးဆိုးရွားရွား သက်ရောက်စေခဲ့သည်။ သူမဟာ ပြန်ကောင်းလာစေရန် ဖြည်းဖြည်းချင်းသာ ပြန်ကြိုးစားနိုင်တော့သည်။

"ငါမင်းကို ပြောချင်တာက တကယ်လို့ မင်း ချစ်ချင်ရင်  သင့်တော်တဲ့လူတစ်ယောက်ကို ရှာဖို့ လိုအပ်တယ်"

"အစ်ကို" ရွှီရှင်းတောက ရုတ်တရက် သူ့ကို ခေါ်လိုက်သည်။

မုချင်းယီတစ်ယောက် အလန့်တကြားဖြစ်သွားကာ သူမကို အံ့အားတကြီး ကြည့်လိုက်သည်။

"တကယ်လို့ နင် မိန်းကလေးတစ်ယောက်ကို သဘောကျပေမဲ့ ကောင်မလေးရဲ့ မိသားစု အဆင့်အတန်းက ငါတို့မိသားစုနဲ့ မလိုက်ဖက်ဘူးဆိုရင်နင် မိသားစုရဲ့ပြောစကားကို နားထောင်မှာလား ဒါမှမဟုတ် နင်သဘောကျတဲ့မိန်းကလေးကို ရွေးချယ်မှာလား?"

မုချင်းယီက ဒီပြဿနာနှင့်ပတ်သက်ပြီး မတွေးတောခဲ့ဖူးသည့်ပုံပင်။သူဟာ အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလာ၏။ "ဆူညံလိုက်တာ"

ထို့နောက်တွင်တော့ သူဟာ ရွှီရှင်းတောကို လျစ်လျူရှုလိုက်သည်။

'အိုး ဒီလူက နည်း....နည်း တစ်မူထူးခြားတာပဲ။ သူနဲ့ သဟဇာတဖြစ်ဖို့ဆိုတာ မလွယ်ဘူးပဲ'

ရွှီရှင်းတောက စကားပြောတာကို ရပ်တန့်လိုက်ပြီး
ဆက်လက်စောင့်ဆိုင်းလိုက်သည်။

နောက်ဆုံးအောက်ထပ်ကို ဆင်းလာသည့်သူမှာ အမေမုဖြစ်သည်။ အဖေမုက လူမှုရေးပွဲများတက်ရောက်ဖို့ သွားပြီး အိမ်ပြန်မလာချေ။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now