Chapter 29(Unicode&Zawgyi)

1.2K 112 0
                                    

ရွှီရှင်းတောက စိတ်မဝင်စားဟန်ဖြင့် " မုချင်းယောင်က ငါ့ကိုမကြိုက်ဘူး။ ငါ့အတွက် အံ့သြစရာမဟုတ်တဲ့ညစ်ပတ်တဲ့လှည့်ကွက်တွေကို သူမ ကစားချင်နေတာအသေအချာပဲ။ ဒါကို အလေးနက်ထားနေမှာမဟုတ်ဘူး။ ငါ ကျန်းလုံထောင်း နဲ့ ဆက်ဆံဖို့ လုံးဝအစီစဥ်မရှိဘူး။ "

" မင်းကို ငါ့အိမ်တိုက်ရိုက်လာခဲ့ဖို့ ငါပြောပေမယ့်
မင်းငြင်းတယ် ။ ဒီတစ်ခါငါပြောတာကို မင်းနားထောင်ရမယ် "

" နင့်အိမ်ကို ငါရုတ်တရက်လာစရာ ဘာကိစ္စရှိလို့လဲ "

" ဒါဆိုလဲ ငါမင်းကိုအိမ်တစ်လုံး‌ဝယ်ပေးမယ်၊ မင်းအတွက်အားလုံးစီစဥ်ပေးလို့ရတယ်၊ မင်းအဲ့ဒီမှာနေရင် အားလုံးအဆင်ပြေမှာမဟုတ်လား၊ ငါပြန်လာပြီးရင် မင်းအတွက်အိမ်စီစဥ်ပေးမယ်။ "

ရွှီရှင်းတောသည် ဤစကားကိုနားထောင်လိုက်ရပြီး
မရယ်ပဲမနေနိုင်တော့ပေ။ " ငါနင့်ရဲ့ ရွှေအိမ်ထဲမှာနေရင် ငါ့ကိုဘယ်လိုေတာင် ထင်ကြမှာလဲ "

(T/N: ရွှေအိမ်ဆိုသည်မှာ ချစ်လှစွာသောမိန်းမအတွက်တည်ဆောက်ထားသော ခမ်းနားသည့်အိမ်ဖြစ်သည်။)

" ငါ မင်းကို ဘွဲ့ရတဲ့အထိ ကူညီထောက်ပံ့ပေးမယ်၊
မုမိသားစုမှာ မင်းနေခဲ့ရတာထက်ပိုမကောင်းဘူးလား? "

ရွှီရှင်းတောသည်ဖန်သားပြင်ပေါ်ကထုန်းယန်ကို
အချိန်အတော်ကြာ စိုက်ကြည့်လိုက်ပြီးနောက်
ခေါင်းကိုယမ်းလိုက်ပြီး " ရပါတယ်၊ ငါ နင့်ကို
အကြွေးအများကြီး မတင်ချင်ဘူး။ "

" ငါဂရုမစိုက်ဘူး " ထုန်းယန်ကပြောသည်။

"ပြီးတော့ ငါကြီးလာပြီး အိမ်ထောင်ပြုဖို့ပြောတဲ့အခါမိသားစုတွေက လူ‌မှုအဆင့်အတန်းအရ ကောင်းကောင်းလိုက်ဖက်သင့်တယ်လေ ဟုတ်တယ်မလား " ရွှီရှင်းတောသည် သူမကိုသူမ ခပ်တိုးတိုးပြောလိုက်သော်လည်း ထုန်းယန်က ကြားလိုက်
သေးသည်။

"မိသားစုတွေက လူမှုအဆင့်အတန်းအရ ကောင်းကောင်းလိုက်ဖက်သင့်တယ်? မင်းဘယ်သူကိုကြိုက်တာလဲ ?ဝေ့လန်? ငါမင်းကိုပြောပြမယ် အဲ့ကလေးက တော်ကီကြွယ်တဲ့ကောင်ပဲ၊ မင်းကငါ့သူငယ်ချင်းမလို့ ငါမင်းကိုပြောနေတာ၊ မဟုတ်ရင် တခြားသူတွေကို လက်ခံအောင်ပြောဖို့ ငါအရမ်းပျင်းတယ် "

အိမ်စာလုပ်နေသော ရွှီရှင်းတော၏လက်သည် ခဏ
ရပ်သွားပြီး " နင်စိတ်ပူဖို့မလိုပါဘူး ငါသိတယ် " ဟုပြောပြီး ဆက်ရေးသည်။

' သူနားလည်မှာမဟုတ်ဘူး '

' ငါသူကိုနားမလည်စေချင်ဘူး '

ထုန်းယန်၏အာရုံစိုက်မှုသည် ရွှီရှင်းတောပေါ်တွင်
မရှိချေ။

ထုန်းယန်သည် ဖိုရမ်ကိုဖတ်နေဆဲဖြစ်သောကြောင့်
ရွှီရှင်းတောအပေါ် အာရုံမစိုက်နိုင်တော့ပေ။ပြီးနောက်သူသည်နောက်ဆုံးအနေဖြင့် ပြော၏ " အိုး! မုချင်းယီက ပိုစ့်တစ်ခုတင်ထားတယ်၊ သေချာတာကတော့ သူက မုချင်းယောင်ကို သူနဲ့အတူကြီးပြင်းလာပြီး စောင့်ရှောက်ဖို့လို့အပ်နေတဲ့ ညီမလေးတစ်ယောက်လို့ ထင်မှတ်နေတုန်းပဲ " ဟူ၍ပြောလိုက်သည်။

" မုချင်းယီ...သူက ဘယ်လိုလူစားမျိုးလဲ "
ရွှီရှင်းတောက သူမ၏ ထိုအစ်ကိုဆိုတဲ့သူရဲ့အကြောင်းကို တကယ်ပဲသိချင်နေတယ်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now