Chapter 16(Unicode&Zawgyi)

1.3K 110 1
                                    



ဤအချိန်တွင် ရွှီရှင်းတောသည် အတန်းထဲသို့ ပြန်လာပြီး သူမ၏နေရာတွင် ထိုင်လိုက်သည်။ သူမသည် ထုန်းယန်၏မင်ဆေ့ဂျ်ကို ဖြေရန် သူမ၏လက်ကိုင်ဖုန်းကို ကိုင်ထားဆဲပင်။

ထုန်းယန်: မင်းရဲ့လက်ကိုင်ဖုန်း စခရင်လော့ခ် (screen lock)ကို ဖွင့်ဖို့အတွက် စကားဝှက်ကဘာလဲ?

ရွှီရှင်းတော: ငါ ဂဏာန်းခြောက်လုံးဟာကို ပြောင်းထားတာ။ ငါနင့်ကို ပြောဖို့ အချိန်မရှိသေးလို့။

ဤအချိန်တွင် ကျန်းလုံထောင်းသည် ရွှီရှင်းတောထံသို့ စကားပြောရန် လက်ဦးမှုယူလိုက်သည်။ "ဟေး ရွှီရှင်းတော ဟုတ်တယ်မလား? မင်းမှာ ကောင်လေးရှိလား?"

ရွှီရှင်းတောသည် သူမရဲ့အကြည့်ကို အပေါ်တောင်မပင့်ဘဲ အေးစက်စွာ မေးလိုက်သည်။ "ဘာကိစ္စလဲ?"

ကျန်းလုံထောင်းသည် ပြုံးပြီး မေးလိုက်သည်။ "မင်း ငါ့ရဲ့ကောင်မလေး ဖြစ်ချင်လား? ငါ့ရဲ့မိသားစုက ချမ်းသာတယ်။ ငါ မင်းကို လတိုင်း ဒီဇိုင်းနာအိတ်တွေ ဝယ်ပေးနိုင်တယ်။ မင်းဘယ်လို ထင်လဲ?"

ကျန်းလုံထောင်း၏ အစ်အောက်မှုအပြီး၌ ရွှီရှင်းတောတစ်ယောက် သူမကိုယ်သူမ ဟာသလုပ်ရန်အတွက် တခြားသူများက စောင့်ဆိုင်းနေသည့်ပုံပင်။

ဒီတောသူမက မျက်နှာချိုသွေးခံရတော့မှာလား? ဖြစ်နိုင်တာကတော့.......

မမျှော်လင့်ထားစွာပင် ရွှီရှင်းတောသည် ကျန်းလုံထောင်းကို မနှစ်မြို့သော အကြည့်တစ်ချက်ပေးပြီး သူမ၏လျှာကို သုံးလျက် စိတ်ပျက်သလို အသံတစ်ခုကို ပြုလုပ်လိုက်သည်။ အဲဒါနှင့် သူမသည် ကျန်းလုံထောင်းကို လုံးဝလျစ်လျူရှုထားလိုက်သည်။

ရွှီရှင်းတော၏အမြင်တွင် သူမသည် မုအိမ်တွင် တစ်ခဏမျှသာ နေထိုင်မည်ဖြစ်ပြီး မုမိဘများက သူမကို အာရုံစူးစိုက်မှု အနည်းငယ်သာ ပေးလိမ့်မည်။ ထပ်မံ၍ သူမသည် သူတို့နှင့် သွေးသားတော်စပ်မှုအရ ထိတွေ့ဆက်ဆံရန် အလွန်ပျင်း၏။ နောက်ဆုံးတွင်တော့ သူတို့မှာ တစ်ဦးနှင့်တစ်ဦး ခံစားချက်များ လုံးဝ မရှိကြပေ။

သူမသည် စင်စစ် ဤအတန်းထဲတွင် ထိုင်နေသည့် လူများနှင့် ပတ်သက်ပြီး ဂရုစိုက်ရန် အလွန်ပျင်းရိနေ၏။ 'သောက်ကျိုးနည်း နင်က ဘယ်သူလဲ? နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ?'

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now