Chapter4(Unicode&Zawgyi)

2K 179 0
                                    

ရွှီရှင်းတောသည် သူတို့အားနောက်ပြန်လှည့်ကြည့်လိုက်၍ သူတို့ပြောဆိုနေသည်ကိုရပ်တန့်လိုက်ကြသည်။

'ငါတို့နင့်ကို ဆူပူပြောရင် နင်ဘယ်လိုအမူအရာမျိုးနဲ့ငါတို့ကိုတုံ့ပြန်မလဲဆိုတာ ကြည့်ရသေးတာပေါ့'

"ဟုတ်ပ့ အတုအယောင်တွေက မနှစ်မြို့စရာပဲ"ရွှီရှင်းတော ပြောလိုက်သည်။

ရွှီရှင်းတော၏အမြင်တွင် သူတို့သည် ဦးနှောက်မရှိသူများဖြစ်ကြောင်းကို သူတို့မသိခဲ့ကြပေ။

ထို့နောက် မုချင်းယောင်သည် ရွှီရှင်းတောအား ရေကူးကန်သို့ခေါ်ဆောင်လာခဲ့သည်။ "ဒါကငါတို့ကျောင်းရဲ့ ရေကူးကန်ပဲ။ ဒါကတစ်ခုတည်းသော ပြင်ပရေကူးကန်။ အားကစားရုံထဲမှာတော့ အတွင်းရေကူးကန်တွေရှိတယ်။ပြီးတော့ အဲ့မှာဒိုင်ဗင်ထိုးဘုတ်ပြားတစ်ခုလဲရှိတယ်။ နင်နောက်တစ်ခါ စမ်းကြည့်သင့်တယ်နော်"

ကျောင်းသူ ၁က ချက်ချင်းပင်ပြောလိုက်သည်။ "ငါတော့ ရွာတွေမှာ ဒီလိုအပြင်အဆင်ရှိတယ်လို့မထင်ပါဘူး။ ဒါကြောင့်သူက ရေကူးတာလဲသိမှာမဟုတ်ပါဘူး ၊ဟုတ်တယ်မလား? "

ကျောင်းသူ ၂: "မဟုတ်ပါဘူး တောရွာမှာ ချောင်းသေးသေးလေးရှိပါတယ်ဟဲ့။ သူက သဘာဝအတိုင်းရေချိုးလို့ရနိုင်တာပဲ"

များစွာသော မိန်းကလေးများ ရယ်မောလာကြသည်။

ရွှီရှင်းတော သက်ပြင်းချလိုက်၏။

'ငါသူတို့နဲ့ စကားပြောဖို့ ပျင်းလွန်းနေတယ်'

"ပြန်သွားကြရအောင်" ရွှီရှင်းတောပြောလိုက်၏။

ရွှီရှင်းတောသည် မပျော်မရွှင်ဖြစ်နေကြောင်းကို မုချင်းယောင်သိလေသည်။

ရွှီရှင်းတော့ မပျော်ကြောင်းတွေ့ရသောအခါ သူမကိုယ်သူမရယ်လိုက်သည်။  သူမသည် ရွှီရှင်းတော၏ လက်မောင်းကိုဆွဲကိုင်ကာ ပြောလိုက်၏။ " အခုတလောတော့multimedia အဆောက်အအုံထဲကိုတော့ မသွားသေးနဲ့။အဲ့အဆောက်အအုံက လမ်းပျောက်ဖို့အလွယ်ဆုံးပဲ။ အဲ့တာက စက်ဝိုင်းပုံ ဒီဇိုင်းလေ"

သူတို့ multimedia အဆောက်အအုံထဲသို့လျှောက်ဝင်သွားကြသည်။ မြေညီထပ်ရှိ အထင်ရှားဆုံးစာသင်ခန်းမှာ ဂီတစာသင်ခန်းပင်ဖြစ်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now