Chapter 52(Unicode&Zawgyi)

1.1K 107 0
                                    


ရေသောက်ပြီးနောက် ရွှီရှင်းတောတစ်ယောက် ထွက်လာသည့်အခါ အစေခံအိုကြီးငိုနေသည်ကို တွေ့လိုက်ရသည်။ သူမသည် သူမ(အစေခံကြီး)အတွက် မည်သည့်ခံစားချက်မျှ မရှိသောကြောင့် သဘာဝကျကျပင် ဂရုမစိုက်ချေ။

အကယ်၍ ခံစားချက်တွေဘာတွေ ရှိခဲ့လျှင်တောင် ယင်းခံစားချက်သည် ဒေါသသာ ဖြစ်ပေလိမ့်မည်။

သူမသည် သူမ(ရွှီရှင်းတော)နှင့် မုချင်းယောင်ကို လဲကာ သူမ၏မြေးကို မြင့်မားသောအနေအထားနှင့် ကြီးကျယ်ခမ်းနားသော ချမ်းသာကြွယ်ဝမှုကို စံစားစေခဲ့သည်။ ဒီလိုကိစ္စမျိုးကို လုပ်နိုင်သည့် သူတစ်ယောက်သည် စင်စစ် မြွေပွေးအသည်းနှလုံး ရှိသူသာဖြစ်သည်။

ရွှီရှင်းတောသည် ဆိုဖာ၏ အခြားတစ်ဖက်ခြမ်းတွင် ထိုင်လိုက်သည်။ မုချင်းယီက သူမကို စောင့်နေသည်။ သူမကို မြင်ပြီးနောက် မုချင်းယီက ပြောလိုက်သည်။ "ငါ သူမကို စိတ္တဇဆေးရုံပို့ဖို့ စီစဉ်ထားတယ်"

အစေခံအိုကြီး၏ခန္ဓာကိုယ်က ချက်ချင်းပင် ပြိုလဲသွား၏။

"ဒါပေမဲ့ သူမက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတာ မဟုတ်ဘူးလေ!" မုချင်းယောင်တစ်ယောက် ဝိုးတိုးဝါးတားနှင့် ပြောလိုက်သည်။

အစေခံအိုကြီးသည် မုချင်းယောင်တွင် သူမအတွက် ခံစားချက်ရှိသည် ဟုထင်သွားကာ သူမဟာ ချက်ချင်းပင် သူမ(မုချင်းယောင်)၏ခြေထောက်ကို ဖက်လိုက်သည်။ သို့သော်ငြား မုချင်းယောင်က သူမကို အဝေးသို့ တွန်းထုတ်လိုက်ပြီး ခြေတစ်လှမ်းဆုတ်သွား၏။

မုချင်းယီသည် ဤအရာအားလုံးကို မြင်ပြီီးနောက် အများကြီး မဝေဖန်ပေ။ သူက ဖြည်းဖြည်းသာ ပြောလိုက်သည်။ "ငါတို့ ဒီကိစ္စကို ရဲကို ကိုင်တွယ်ခွင့် မပြုသင့်ဘူး။ သူမက အလွန်ဆုံး နှစ်အနည်းငယ်ပဲ ထောင်ကျမှာ။ ဒါပေမဲ့ သူမက စိတ္တဇဆေးရုံမှာဆိုရင် တစ်သက်လုံးနေသွားရလိမ့်မယ်။ သူမက ဘယ်လိုဖျားနာနေတယ်ဆိုရင်တောင်.......ရူးနေတဲ့အတွက် သူမက ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မှာ မဟုတ်ဘူး"

ဤစကားကို ကြားပြီးနောက် မုချင်းယောင်တစ်ယောက် ကြောက်ရွံ့မှုကြောင့် တွန့်သွား၏။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now