Chapter 116(Unicode&Zawgyi)

411 52 1
                                    


ထုန်းယန်ဟာ ရွေးချယ်စရာ မရှိတော့ဘဲ ပူးပေါင်းရတော့မည်ပင်။ ချက်ချင်းပင် သူတို့ဟာ သူတို့၏ ခန္ဓာကိုယ်အသီးသီးကို ပြန်သွားလိုက်ကြသည်။

ရွှီရှင်းတောတစ်ယောက် သူမ၏ ခန္ဓာကိုယ်ထဲ ရောက်သွားသည့်အခါ သူမ၏ လက်ထဲတွင် ဖုန်းကိုင်ထားဆဲဖြစ်ကြောင်းတွေ့လိုက်ရသည်။ သူမဟာ စောင်ထဲမှ ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီး မီးဖွင့်ကာ အခန်းပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ သူမဟာ ခရီးဆောင်အိတ်များကို ကျယ်ကျယ်ဖွင့်ဟထားပြီး အထဲတွင် ဘာမှမရှိတော့ကြောင်းတွေ့လိုက်ရသည်။

သို့သော်ငြား သူမ၏ပစ္စည်းများကို နေရာချထားသည့်ပုံစံက...တစ်မူထူးခြားလေသည်။

အခန်းထဲက ဆိုဖာပေါ်တွင် ပုံလျက် ရိုးရိုးရှင်းရှင်း ကျကျန်ခဲ့သည့် ဝတ်စုံတစ်စုံရှိနေ၏။ ဒါက်ို အဝတ်ဗီဒိုထဲမှာ ချိတ်ပေးဖို့ သူ့ကို တောင်းဆိုလိုက်ရင် အရမ်းများများသွားမလား?

လှည့်ပတ်ကြည့်ရင်း လစဉ်သုံးများကို ပြတင်းပေါက်အောက်ခံဘောင်ပေါ်တွင် ခံတပ်နံရံကြီးသဖွယ် ဆင့်ထားသည်ကို တွေ့လိုက်ရသည်။

သူမဟာ အခန်းဖွဲ့စည်းပုံကို ကြည့်ပြီးနောက် အနည်းငယ် စိတ်ဓာတ်ကျသွား၏။ သူမ၏ မျက်နှာကိုကာဖို့ သူမရဲ့လက်ကို မြှောက်လိုက်ပြီး
ထုန်းယန်၏ လက်တွေ့မကျသော ပုံစံက အိပ်မက်မက်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း တွေးမိ၏။ သူမဟာ ရေချိုးခန်းဆီလျှောက်သွားလိုက်ပြီး ဆေးကြောသန့်စင်ဖို့ တွေးလိုက်သော်လည်း အဲဒီအစား ရေပူစက်က ပိတ်ထားကြောင်းကိုသာ တွေ့လိုက်ရပြီး တိုက်ခန်းတွင်ရေပူမရှိကြောင်း ဆိုလိုခြင်းပင်။

သူမတွင် ရွေးချယ်စရာမရှိတော့သည့်အတွက် သူမကိုယ်တိုင် ရေပူစက်ကို တပ်ဆင်လိုက်တော့သည်။ အညွှန်းစာအုပ်မှ အညွှန်းများအရ
သူမဟာ သူမဖုန်းနှင့် အိမ်ထဲရှိ လျှပ်စစ်ပစ္စည်းများအားလုံးကို ချိတ်ဆက်လိုက်သည်။ ထို့နောက်
သူမဟာ သန့်ရှင်းရေးလုပ်ရန် သူမ၏အခန်းကို ပြန်သွားလိုက်သည်။

သူမဟာ ပစ္စည်းများကို ဝေးဝေးထားလိုက်ပြီး
သူမ၏ အဝတ်များကို ချိတ်ရင်း ထုန်းယန်က သူမ၏ အတွင်းခံကို ဝတ်လျက် အိပ်ထားကြောင်း တွေ့လိုက်ရသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now