Chapter 114(Unicode&Zawgyi)

661 77 0
                                    


သူ၏နှုတ်ခမ်းပါးများကို ခပ်ဟဟဖွင့်လိုက်သော်လည်း သူ၏ပါးစမ်ဖျားမှ စကားတစ်လုံးတစ်လေမျှ ထွက်မလာချေ။ သိပ်မကြာခင်မှာပဲ သူဟာ သူ့ရဲ့လက်သီးကို ဆုပ်ပြီး
လှည့်ထွက်သွားသည်။ သူဟာ တံခါးဖွင့်ပြီး
မုဗီလာကို ပြန်သွားလိုက်၏။

ထုန်းယန်က ကားထဲမှာထိုင်ပြီး မုချင်းယီတစ်ယောက်ထွက်သွားသည်ကို ကြည့်နေ၏။
သူဟာ သူ့ရဲ့နှုတ်ခမ်းများကို မကိုက်ဘဲမနေနိုင်တော့ချေ။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဝေ့လန်က ထုန်းယန်ကို မေးလိုက်သည်။ "ဘာဖြစ်တာလဲ? မုမိသားစုက မင်းကို ဆက်မမွေးစားတော့ဘူးတဲ့လား?"

ထုန်းယန်က အမှုမထားသလို ပြန်ဖြေလိုက်သည်။
"ငါ အဲဒီမှာ ဆက်မနေချင်တော့လို့"
"ဒါဆို မင်းအခု ဘယ်ကိုသွားမှာလဲ?"
"လန်ကျင့်ဝမ်တိုက်ခန်း အဆောက်အအုံ၊ မောလ်မျက်နှာချင်းဆိုင်က"

ဝေ့လန်က မေးခွန်းတစ်ချို့ကို ဆက်မေးချင်သော်ငြား ထုန်းယန်က စကားဆက်မပြောချင်ကြောင်း သိသာနေသည့်အတွက် သူဟာ သူရဲ့ပါးစပ်ကို ထိန်းလိုက်၏။ ဝေ့လန်တစ်ယောက် သူ့ရဲ့မိန်းကလေးသူငယ်ချင်း "ရွှီရှင်းတော"က အခုချိန်မှာ စိတ်အခြေအနေမကောင်းကြောင်းခံစားမီလိုက်၏။

ထိုအချိန်လေးမှာပင် ရွှီရှင်းတောတစ်ယောက်နောက်ဆုံးတော့ ထုန်းယန်အား မက်ဆေ့ချ်ပို့လာ၏။ နင် ဘာလို့ ခွေးနဲ့ လမ်းလျှောက်ထွက်တဲ့အချိန် ဖုန်းမယူလာရတာလဲ?

ထုန်းယန်: ငါမှာ ဆက်သွယ်ချင်တဲ့သူမျိုးရှိတာလည်းမဟုတ်ဘူး။ ငါရဲ့ခွေးနဲ့ လမ်းလျှောက်ထွက်နေရင်းစကားပြောဖို့ တစ်ယောက်ယောက်ရှာဖို့ လိုလို့လား?

ရွှီရှင်းတော: နင်အခု ဘာလုပ်နေတာလဲ?
ထုန်းယန်: အိမ်ပေါ်က ဆင်းလာတာ

ရွှီရှင်းတောတစ်ယောက်ပြန်မဖြေတော့ဘဲ ထုန်းယန်သည်လည်းစာထပ်မပို့တော့ပေ။ မည်သို့ပင်ဖြစ်စေ ရွှီရှင်းတောတစ်ယောက် သူမ၏ခန္တာကိုယ်ထဲသို့ အတင်းပြန်သွားဖို့ မဖြစ်နိုင်ပေ။ သူသာ ပူးပေါင်းဖို့ ဆန္ဒမရှိသရွေ့ ရွှီရှင်းတောတစ်ယောက် သူမဘာသာ ပြန်လဲဖို့ မဖြစ်နိုင်ပေ။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now