Chapter 80(Unicode&Zawgyi)

1K 105 1
                                    


ထုန်းယန်က ပြောလိုက်သည်: "ဒီနူးညံ့ပြီး အရသာရှိတဲ့ တရုတ်ဇီးကိတ် ချိုချိုလေးကို ကြည့်လိုက် အရမ်းကောင်းတာ။ တရုတ်ဇီးသီးတွေကို အဖွားက ရွာကနေယူလာတာ။ ငါတို့ ကိတ်ရဲ့ အပေါ်မှာလည်း နည်းနည်း အလှဆင်ထားတယ်"

ရွှီရှင်းတောဟာ ခရင်တွေအုပ်ထားသည့် တရုတ်ဇီးကိတ်နှင့် ကိတ်ပေါ်မှာ 'Happy 17th birthday' ဆိုသည့် စာလုံးတွေကို ကြည့်လိုက်သည်။ သူမဟာ ပြုံးလိုက်ပြီး သူမရဲ့မျက်လုံးများက မသိပါပဲ နီရဲသွား၏။

သူမဟာ အများကြီးမလိုချင်ပေ။သူတို့က ဘယ်လောက်ပဲ သာမန်ဖြစ်နေပါစေ သူမဟာ သူမဂရုစိုက်သည့် လူများနှင့် နေချင်ရုံသာ ဖြစ်သည်။

ခမ်းနာကြီးကျယ်သည့်အရာက ရွှီရှင်းတောအား သေချာပေါက် စိတ်မလှုပ်ရှားစေနိုင်ပေ။ သို့သော်လည်း သေးငယ်သည့် အသေးစိတ်အချက်များကို အချိန်အကြာကြီး မှတ်မိနေလိမ့်မည်။

သူမရဲ့ဘဝဟာ လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက စင်စစ် အဓိပ္ပာယ်မဲ့ခဲ့သည်။ သူမဂရုစိုက်သည့် လူမှာနှစ်ယောက်သာ ရှိသည်။ တစ်ဦးက အဖွားရွှီ ဖြစ်ပြီး နောက်တစ်ဦးက ထုန်းယန် ဖြစ်သည်။

ယခုအခါ ဒီလူနှစ်ယောက်က သူမအတွက် ဂရုတစိုက် ပြင်ဆင်ပေးထားသည့် မွေးနေ့ကိတ်ကိုကြည့်ကာ ဒီကိတ်က အရမ်းကြည့်ကောင်းလှသည်မဟုတ်သော်ငြား သူမရဲ့နှလုံးသားက နွေးထွေးလာ၏။

သူမဟာ တစ်ခဏမျှ ကိတ်ကို ကြည့်လိုက်ပြီးနောက် စားပွဲတွင် ထိုင်ကာ မေးလိုက်သည်။ "ဖယောင်းတိုင်ရှိလား? ငါ ဆုတစ်ခု တောင်းချင်တယ်"

ထုန်းယန်က ဖယောင်းတိုင်တွေကို ထုတ်လိုက်ပြီး ရေရွတ်လိုက်သည်: "ကိတ်ပေါ်မှာ ဖယောင်းတိုင်
စိုက်လို့ ရမလားဆိုတာ ငါမသိဘူး။ ငါ လုပ်ကြည့်ဦးမယ်"

သူဟာ ဖယောင်းတိုင်နှစ်တိုင်ကို အတင်းအားဓမ္မ ထိုးစိုက်လိုက်သော်လည်း အချိန်မရွေး လဲကျနိုင်သည့်ပုံပေါက်နေ၏။ ရွှီရှင်းတောဟာ သူမရဲ့မျက်လုံးတွေကို လျင်မြန်စွာ မှိတ်လိုက်ပြီး ဆုတောင်းလိုက်သည်။

ထုန်းယန်နှင့် အဖွားရွှီက သူမကို ဂရုတစိုက် ကြည့်နေ၏။ ရွှီရှင်းတောတစ်ယောက် ဖယောင်းတိုင်ကို မှုတ်ပြီးနောက် ထုန်းယန်က စားပွဲခုံကို မှီပြီး မေးလာ၏။ "မင်း ဘာဆုတောင်းတာလဲ?"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now