Chapter 53(Unicode&Zawgyi)

1.1K 108 0
                                    


မိသားစုရှိ အစေခံအားလုံးက မောင်းထုတ်ခံထားရတာ ဖြစ်သည်။ ဤနေရာတွင် မိသားစုဝင်များသာ ရှိ၏။ အဖေမုက ဆိုဖာပေါ်တွင်ထိုင်ပြီး
​ဖြစ်ပျက်သမျှကို ကြည့်နေ၏။ သို့သော်ငြား သူဟာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ချင်သည့်ပုံ မပေါ်ပေ။

မုချင်းယောင်က ကြောက်လန့်တုန်ယင်နေသည့် အသံဖြင့် အော်လိုက်သည်။ "ကျွန်မကို မထိနဲ့ ဝေးဝးသွား။ ကျွန်မက ရှင့်ရဲ့ ဆွေမျိုးသားချင်း မဟုတ်ဘူး"

"နင်က ငါ့ရဲ့ဆွေမျိုးသားချင်းပဲလေ! နင်က ငါ့မျက်စိအောက်မှာ ကြီးပြင်းလာခဲ့တာ! ငါမရ်ှိဘဲ နင်က ဘယ်လိုလုပ်ပြီး ဒီလို ကြီးကျယ်ခမ်းနားတဲ့ ၁၆နှစ်တာကို ရနိုင်မှာလဲ? နင်က ရွာမှာပဲ ကြီးပြင်းလာရလိမ့်မယ်။ နင် စာသင်နိုင်မလားဆိုတာတောင် မသေချာဘူး။ ငါက နင့်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးခဲ့တာ။ ငါက ဒီအရာတွေအားလုံးကို နင့်အတွက် လုပ်ခဲ့တာ ဒါကြောင့် နင်ငါ့ကို လျစ်လျူရှုလို့ မရဘူး!"

ဤစကားများကို ကြားသည့်အခါ ရွှီရှင်းတော၏မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။

သူမ(ရွှီရှင်းတော)က ဒီလိုကံတရားမျိုးကို ကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်းကို ဤအစေခံကြီးက သိသော်ငြား သူမကို ရွာသို့ ပို့လိုက်ဆဲပင်။ သူမရဲ့နှလုံးသားက ဘယ်လိုတောင် အဆိပ်ပြင်းရတာလဲ?

"မဟုတ်ဘူး။ ကျွန်မက ရှင့်ရဲ့ ဆွေမျိုးသားချင်း မဟုတ်ဘူး။ ကျွန်မရဲ့ မျိုးရိုးနာမည်က မုပဲ!" မုချင်းယောင်က ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ပြီး အစေခံကြီးကို အားကုန်သုံး၍ တွန်းထုတ်လိုက်သည်။

"နင် အဲဒါကို ငြင်းနိုင်တယ်။ နင် စည်းစိမ်ခံစားဖို့ မုမိသားစုမှာလည်း နေနိုင်တယ်။ ငါ့ကို ကယ်ဖို့ နင်အသနားခံပေးလို့ မရဘူးလား? ငါ နင့်ကို အကျိုးကျေးဇူးတွေအများကြီး ယူဆောင်ပေးခဲ့တာ။ အခုတော့ နင်က ငါ့ကို ဒီလိုလုပ်တော့မှာပေါ့?! နင့်မှာ ဝံပုလွေတစ်ကောင်ရဲ့ နှလုံးသားနဲ့ ခွေးတစ်ကောင်ရဲ့ အဆုတ်တွေရှိတာပဲ!" အစေခံကြီးဟာ နောက်ဆုံးတော့ဒေါသထွက်လာ၏။ သူမသည်လည်း ကျေးဇူးမသိတတ်သော မြေးမကြောင့် မျှော်လင့်ချက်မဲ့လာ၏။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now