Chapter 73(Unicode&Zawgyi)

1K 93 0
                                    


မုချင်းယောင်က နောင်တရသလို ဟန်ဆောင်နေသော်လည်း သူမ၏မျက်နှာပေါ်တွင် အပြစ်ရှိစ်ိတ်ကို မမြင်ရချေ။

ဖြေရှင်းချက်တစ်ခုပေးခြင်းက သူမလုပ်ချင်သည့် နောက်ဆုံးအရာ ဖြစ်သည်။ ၎င်းကို ကြည့်ရှုခြင်းအားဖြင့် ရွှီရှင်းတောက သူမကို လျစ်လျူရှုထားသည့်ပုံပင်။ သူမ၏အမြင်တွင် စိတ်သဘောထားကျဉ်းမြောင်းပြီး သူမကို ခွင့်လွှတ်ပေးဖို့ လုံလုံလောက်လောက် စိတ်သဘောထား မပြည့်ဝသည့်သူက ရွှီရှင်းတောသာ ဖြစ်သည်။

လီရှင်းနင်တစ်ယောက် သရော်ပြုံးပြုံးလိုက်သည်။
သူမရဲ့ ပစ္စည်းတွေကို ထုတ်ပိုးသိမ်းဆည်းပြီးနောက် သူမဟာ လော့ရွှီထံသို့ လျှောက်လာပြီး ပြောလိုက်သည်။ "လော့ရွှီ ကျေးဇူးပြုပြီး ငါ့ကို တောတောနဲ့ ထပ်တွေ့နိုင်အောင် ကူညီပေးပါ။ ငါ သူမနဲ့ ပိုပြီး ရင်းနှီးချင်တယ်"

လော့ရွှီသည် မတုံးအပေ။ လီရှင်းနင်က မုချင်းယောင်ကို ဒေါသထွက်အောင်လုပ်ဖို့ တမင်သက်သက် လုပ်နေတာဖြစ်ကြောင်း သူမသိသည့်အတွက် သဘောမတူဘဲ အသက်မပါသော အပြုံးတစ်ပွင့်ဖြင့်သာ ပြုံးပြလိုက်သည်။ ထို့နောက် သူမဟာ ဘီစကွတ်တစ်ခုကို ကောက်ယူလိုက်ပြီး သူမရဲ့ ပစ္စည်းတွေကို သိမ်းဆည်းရန် သူမရဲ့နေရာသို့ လျင်မြန်စွာ ပြန်သွားလိုက်သည်။

သူမရဲ့ စားပွဲကို ရောက်ရောက်ချင်း ရှောက်ချင်းဟယ်က သူမထံမှ ဘီစကွတ်ကို ဆတ်ခနဲ ယူလိုက်သည်။ "တကယ် အရသာရှိတာပဲ"

"နင်က ဓားပြလား?!"

"သူမရဲ့အချက်အပြုတ် စွမ်းရည်နဲ့ဆို အချိုပွဲဆိုင်တစ်ဆိုင် ဖွင့်လို့ရပြီ"

ရွှီရှင်းတောက အိမ်ကို အရင်ဆုံး ပြန်သွားပြီး အနည်းငယ်မျှ ကြာပြီးနောက် မုချင်းယီဟာ ရှောက်ချင်းဟယ်နဲ့အတူ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

ရှောက်ချင်းဟယ်တစ်ယောက် အိမ်ကို ဝင်ဝင်ချင်း သူဟာ ပြုံးပြီး ရွှီရှင်းတောကို ပြောလိုက်သည်။ "ညီမလေးတောတော ငါလည်း ဘီစကွတ်နည်းနည်းလောက် စားချင်တယ်"

ရွှီရှင်းတောဟာ ရှောက်ချင်းဟယ်ကို တွေ့တော့ အံ့ဩသွား၏။ သူဟာ ဘီစကွတ်အပိုင်းကို လျစ်လျူရှုပြီး မေးလိုက်၏: "နင် အခုလေးတင် ငါ့က်ို ဘယ်လို ခေါ်လိုက်တာလဲ?"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now