Chpater 81(Unicode&Zawgyi)

1K 105 0
                                    


မုချင်းယီက အားလုံးကို သိနှင့်ပြီးသား ဖြစ်သည့်အတွက် သူမဟာ ရူးချင်ယောင်ဆောင်လို့ မရတော့ချေ။

မုချင်းယီ: မွေးနေ့ပွဲက ညနေ ၇နာရီမှာ စမှာ။ တခြားကျောင်းသားတွေက ကျောင်းဆင်းရင် လာလိမ့်မယ်။မင်း ဂါဝန်တစ်ထည်အရင်ဆုံး ကို ကြိုပြင်ထားပြီး အခန်းထဲမှာ ထားထားရင် ပိုကောင်းလိမ့်မယ်။

ရွှီရှင်းတော: ကောင်းပါပြီ
ရွှီရှင်းတောဟာ လှည့်ပြီး ထုန်းယန်ကို မက်ဆေ့ဂျ်အကြောင်း ပြောလိုက်သည်။ ထုန်းယန်က သူ့ရဲ့လက်ကို ဝေ့ယမ်းပြီး:"သူ့နဲ့ ပတ်သက်ပြီး စိုးရိမ်မနေနဲ့"

၁၂နာရီထိုးသွားပြီကို မြင်ပြီး ထုန်းယန်ဟာ အဖွားရွှီကို ပြောလိုက်သည်။ "အဖွား ကိတ်မုန့်နည်းနည်းလောက် စားသင့်တယ်"

ထိုစကားကို ပြောပြီးနောက် သူဟာ ရွှီရှင်းတောကို အခန်းပြင် ခေါ်ထုတ်သွားပြီး လသာဆောင်ကို သွားလိုက်သည်။ ထုန်းယန်က စပီကာကို ဖွင့်ကာ ကြည်နူးဖွယ်ရာ သံစဉ်တစ်ခုကို ဖွင့်လိုက်သည်။

လသာဆောင်ရှိ အလင်းရောင်က မှိန်ဖျော့သော်လည်း လသာဆောင်ပတ်ပတ်လည်တွင် အလှဆင်ထားသည့် ပန်းတွေအားလုံးကို မြင်နိုင်ဆဲပင်။ ပန်းအလှဆင်မှုကြားထဲတွင် ရေမွှေးမီးခွက်အချို့ကို ဝှက်ထားပြီး နှစ်သက်ပျော်ရွှင်ဖွယ်ရာ ရနံလေး ပျံလွှင့်နေ၏။ လသာဆောင်က စိတ်ကူးယဉ်ဆန်ကာ မိန်းကလေးတို့ အကြိုက်ပင်။

ထုန်းယန်ဟာ ရွှီရှင်းတောဆီ လက်ကမ်းလိုက်ပြီး သူမကို ကဖို့ ခေါ်ဖိတ်လိုက်သည်။ ရွှီရှင်းတောဟာ တုံ့ဆိုင်းမနေဘဲ ထုန်းယန်ရဲ့လက်ပေါ် သူမရဲ့လက်ကို တင်လိုက်သည်။

သူတို့ဟာ အရင်ကတည်းက ရွှီရှင်းတောရဲ့ မွေးနေ့မှာ အတူတူကဖို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက အကသင်ခန်းစာကို သင်ယူထား၏။

ကံမကောင်းစွာဖြင့် သူတို့ဟာ ယောကျာ်းတွေကသည့်ကိုယ်ဟန်အနေအထားကိုသာ သင်ယူထားတာ ဖြစ်သည်။ ရွှီရှင်းတောဟာ ထုန်းယန်ရဲ့ တွဲဖက်ကဖော် ပါတနာဖြစ်ရသည်ကို အသားမကျနေပေ။

သူတို့နှစ်ဦး စကလျှင်ကချင်း ရုတ်တရက် ရွှီရှင်းတောက သူမရဲ့လက်ကို ထုန်းယန်ရဲ့ခါးမှာ နေရာယူလိုက်ပြီး ထုန်းယန်အား အရှေ့သို့ ဆွဲခေါ်လိုက်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now