Chapter 37(Unicode&Zawgyi)

1.1K 111 0
                                    

[Unicode]37

မမျှော်လင့်ပဲ ရွှီရှင်းတောသည် သူမ၏တူကိုရုတ်တရက်ချလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏"အမေကတကယ်ကိုအသည်းအသန်ဖြစ်တာပဲ အဖွားကတော့ကျွန်မကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ် ပြီးခဲ့တဲ့နှစ်တွေမှာကျွန်မကြုံခဲ့ရတဲ့
နစ်နာစရာတွေဟာ ဒီရက်ပိုင်းအတွင်းကြုံရတာလောက်မများဘူး "

မျက်မှောက်အဖြစ်အပျက်မှာရုတ်တရက်တိတ်ဆိတ်သွားခဲ့သည်။

အထူးသဖြင့် အဖေမုနဲ့အမေမုဟာရှက်ကိုးရှက်ကန်း ကသိကအောက်ဖြစ်သွားသည်။ မုအဖေသည် ချောင်းဟန့်လိုက်ပြီး " မင်းမတရားသဖြင့်ခံခဲ့ရသလား? မင်းပြန်လာပြီးတဲ့နောက်မှာ မင်းအတွက် အကောင်းမွန်ဆုံးဖြစ်အောင်ငါတို့မစီစဉ်ပေးခဲ့ဘူးလား ? "

ရွှီရှင်းတောဟာငြိမ်သက်နေဆဲပင်။ချစ်ခြင်းမေတ္တာ၏ ဖုံးကွယ်မှုအောက်တွင် ဂရုမစိုက်မှုကို သူမမြင်ခဲ့ရ၏။ သူမက ဂရုမထားဟန်ပေါ်နေရုံနဲ့ သူမက လုံးဝကန်းနေတယ်လို့ မဆိုလိုပေ။ ဒါတောင်မှ သူမညင်သာစွာပြန်ပြောလိုက်သည်။
"ဒီနှစ်တွေမှာ အဖေ့အနေနဲ့ ကျွန်မအပေါ် အဖေ့မေတ္တာတွေကိုထိန်းသိမ်းပေးခဲ့တာ ကျွန်မနားလည်ပါတယ်။အထောက်အထားတွေကိုကျွန်မဂရုမစိုက်ပေမယ့် အဲတာကကျွန်မကိုအနည်းငယ်တော့စိတ်ပျက်စေတယ်။ကျွန်မနှလုံးသားထဲက စိတ်ပျက်မှုဟာ ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ဘူး။အဲတာက ကျွန်မ နှလုံးသားမှာ နက်နက်ရှိုင်းရှိုင်း ရိုက်နှိပ်ထားပြီး ဒဏ်ပေးနေသလိုပါပဲ။

အဖေမုသည် သူ၏လက်သီးဖြင့်စားပွဲကိုဒုန်းခနဲမြည်အောင်ထုလိုက်သည်။
"ဒါဟာ အထောက်အထားသက်သက်ပဲ။ဘာမှမပိုဘူး။ဒါမင်းအတွက်အရမ်းအရေးပါနေသလား"

" ငါဂရုမစိုက်တဲ့အတွက်အဲတာကအရေးမပါဘူး။ဖြစ်နိုင်တာကတော့ ငါအရမ်းစိတ်မရှည်ဖြစ်ခဲ့တာပဲ။ အဲတာကိုမေ့လိုက်တော့။အရေးမပါဘူး။မင်းပျော်ပျော်သာနေစမ်းပါ။

အဖေမု၏စကားလုံးများတွင် ဒေါသသံအနည်းငယ်စွက်နေသည်။
"ငါတို့မင်းကိုရှေ့လျှောက်ပိုပြီးကြင်နာပါမယ်လို့ ကတိပေးပြီးပြီလေ။မင်းကဘာကိုထပ်ပြီးလိုချင်တာလဲ"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now