Chapter 77(Unicode&Zawgyi)

1K 91 0
                                    


*ထုန်းမိသားစု ဗီလာတွင်*

ထုန်းမိသားစု၏အိမ်တော်ထိန်းက စာဖတ်ခန်းထဲသို့ ဝင်လာပြီး အထဲမှာ ထိုင်နေသည့် အမျိုးသမီးကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူဟာ ပြောလာ၏။ "သခင်လေးက မုမိသားစု ဗီလာကို သွားပြီး
မုမိသားစုရဲ့မွေးစားသမီးကို သွားကြိုပါတယ်"

ယင်းဟွာက ဇာတ်ညွှန်းဖတ်နေတာ ဖြစ်သည်။တင်ပြမှုကို ကြားပြီးတာတောင် သူမဟာ သူမရဲ့ခေါင်းကို မော့မလာဘဲ မေးလာ၏။ "သူက သူ့ရဲ့ မွေးနေ့ကို အဲဒီမိန်းကလေးနဲ့ နှစ်ယောက်တည်း  ကုန်ဆုံးချင်တာလား?"

လွန်ခဲ့သည့်ရက်အနည်းငယ်က ထုန်းယန်ဟာ မွေးနေ့ပွဲအသေးစားလေး ကျင်းပဖို့ သဘောတူညီချက်များ ပြုလုပ်ခဲ့သည်။ သို့သော်လည်း သူဟာ အဲဒီမွေးနေ့ပွဲနှင့် ပတ်သက်ပြီး မည်သူ့ကိုမှ အသိမပေးခဲ့သည့်အတွက် အလွန်ထူးဆန်းလှ၏။

ယင်းဟွာတစ်ယောက် ဤကိစ္စအကြောင်း သိသွားသည့်အခါ သူ့ကို စောင့်ကြည့်ပေးဖို့ အိမ်တော်ထိန်းကို စေလွှတ်ခဲ့တာ ဖြစ်သည်။ ယနေ့တွင် ထုန်းယန်ဟာ နောက်ဆုံးတော့ တစ်ခုခု လုပ်လာပြီ ဖြစ်သည်။

"မဟုတ်ပါဘူး။ အမျိုးသမီးကြီးတစ်ယောက်လည်း ပါပါတယ်"

နောက်ဆုံးတော့ ယင်းဟွာဟာ အိမ်တော်ထိန်းကို ကြည့်ဖို့ သူမရဲ့ခေါင်းကိုပင့်လာပြီး သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ "အမျိုးသမီးကြီး?"
"အဲဒီမွေးစားသမီးကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ အဖွားပါ"

ထုန်ယန်က မွေးနေ့ကို အတူတူ ကျင်းပပေးဖို့ မိန်းမလှလေးတစ်ယောက်ကို ရှာခဲ့တယ်။ ရင်းဟွာက အဲဒါကိုနားလည်ပေးနိုင်တယ်။ ပြီးတော့ သူက ဒီနေ့ပြီးရင် ၁၇နှစ်ပဲ ရောက်တော့မယ်။ သူက ငယ်ရွယ်နေတုန်းဖြစ်ပြီး အသိဉာဏ်နည်းပါးတယ်။ ဒါပေမဲ့ မွေးနေ့ပွဲ ကျင်းပဖို့ အမျိုးသမီးကြီးကို ဘာလို့ ခေါ်လာရတာလဲ?

သူမဟာ တစ်ခဏမျှ တွေးတောလိုက်ပြီး မေးလိုက်သည်။ "အဲဒီမိန်းကလေးရဲ့ မွေးနေ့က ဘယ်တော့လဲ?"

"အောက်တိုဘာ30ရက်ပါ"

"သူတို့က တစ်ယောက်ကိုတစ်ယောက် ဘယ်လိုသိတာလဲ?"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now