Chapter 107(Unicode & Zawgyi)

601 84 3
                                    



မုချင်းယောင်တစ်ယောက် ရုတ်တရက်ကြောက်ရွံ့သွားပြီး ပြောလိုက်သည်။ "အစတုန်းက အဲဒီအကြောင်းက်ို မေးတဲ့သူက နည်းနည်းပဲရှိတာ ပြီးတော့ သူတို့ကို မြန်မြန်ပဲ ငြင်းလိုက်တယ်လေ။ ဒီနေ့ကျတော့ ထုန်းယန်က ရုတ်တရက်ပေါ်လာပြီး ရွှီရှင်းတောက ဇာတ်လိုက်ပါလို့ပြောနေတော့ တခြားသူတွေကို အဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ နောက်တစ်ခါထပ်ပြောစေသလို ဖြစ်သွားတာပေါ့။ကျူဟန်တောင် ကျွန်မကို ကျွန်မရဲ့သရုပ်မှန်နဲ့ပတ်သက်ပြီး မေးနေသေးတယ်။ အခု သူတောင်ကျွန်မကို သံသယဝင်နေပြီ!"

မုချင်းယီတစ်ယောက် ထပ်မေးလိုက်သည်။ "မဟုတ်ဘူး။ သူတို့က ဒီအကြောင်းကို အခုညမတိုင်ခင်ကတည်းက တော်တော်လေးပြောနေခဲ့တာ။ အဲဒီ အဓိပ္ပာယ်မရှိတဲ့ ငါတို့သုံးယောက် အတူတူရပ်နေတဲ့ ပုံကြောင့်လေ"
မုချင်းယောင်:"...."

ရွှီရှင်းတောက 175 cm ရှည်ပြီး မုချင်းယီက 187 cmရှည်သော်ငြား မုချင်းယောင်က 157cmသာ ရှိလေသည်။ ရွှီရှင်းတောနှင့် မုချင်းယီက အတူတကွရပ်နေကြသည့် ပုံမှန်မောင်နှမပုံစံပင်။ မုချင်းယောင် တစ်ယောက်သာ ထိုနေရာတွင် စင်စစ်ကွဲထွက်နေသည့်အတွက် လူတွေက ထိုကိစ္စနှင့်ပတ်သက်ပြီး မပြောဆိုမှသာ ထူးဆန်းနေပေလိမ့်မည်။

ထပ်မံ၍ လူတိုင်းက မျက်စိကန်း၍ အနေကြသည်မဟုတ်ပေ။

အဖေမုက ကလေးသုံးယောက်ကိုကြည့်ပြီး အလေးထားပြောဆိုလိုက်သည်။ "ငါတို့က ဒီကိစ္စကို ထိန်းချုပ်ပြီး အပြင်ကိုမပြောသရွေ့ သူတို့မေးဖို့အလှည့်ရောက်လာမှာမဟုတ်ဘူး။ နောက်ဆုံးကျ သူတို့က ရွှီရှင်းတောကို ငါ့ရဲ့တရားမဝင်သမီးအဖြစ်ပဲ ယုံကြည်သွားကြလိမ့်မယ်"

မုချင်းယီတစ်ယောက် မမေးဘဲမနေနိုင်တော့ချေ။ "ကျွန်တော်တကယ်နားမလည်ဘူး။ အဖေက ဘာလို့ဒီလိုအဓိပ္ပာယ်မရှိတဲ့ ကိစ္စကို လုပ်ရတာလဲ?!"

အဖေမုက အလွန်ဒေါသထွက်သွား၏။ သူဟာ ပြာခွက်ကိုလက်ဖြင့်ကောက်ယူလိုက်ပြီး ကြမ်းပြင်ပေါ်ကို သူရဲ့ကုတ်အင်္ကျီနှင့်အတူ ပစ်ချလိုက်သည်။ "ဒါက ငါဖြစ်စေချင်တဲ့အရာလို့ ထင်လား? ဘယ်သူကရော ဒီလိုအဓိပ္ပာယ်မရှိတဲ့ကိစ္စကို လုပ်ချင်မှာလဲ?!"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now