Chapter 70(Unicode&Zawgyi)

1.1K 105 0
                                    


ရွှီရှင်းတောတစ်ယောက် အရောင်ရောစပ်ခြင်းကို ချိန်ညှိနေသည့်အချိန် ထုန်းယန်က ရွှီရှင်းတောနား ကပ်လာပြီး တီးတိုးပြောလာ၏။ "လျိုယထင်း မင်းကို အရှက်ခွဲဖို့ ကြိုးစားမှာကို ငါနည်းနည်းစိုးရိမ်နေတာ။ သူမက အလွယ်တကူ ဒေါသထွက်လွယ်တယ်လေ"

"သူမ အဲလို လုပ်မှာ မဟုတ်ဘူး"

"မင်း ဘာလို့ သူမကို အမြဲတမ်း ကာကွယ်ပေးနေရတာလဲ?"

"သူမက နင့်ကို တကယ် သဘောကျပြီး နင်မကြိုက်တဲ့ အရာတွေကို လုပ်မှာ မဟုတ်ဘူး။ သူမက ကောလာဟလအမှားတွေကြောင့် ငါ့ကို သဘောမကျတာလေ။ ငါက နင့်ရဲ့ခင်မင်မှုနဲ့ မတန်ဘူးလို့ သူမက တွေးနေတာ"

ထုန်းယန်က အကြံအိုက်နေသော အမူအရာဖြင့် ရွှီရှင်းတောကို စိုက်ကြည့်လိုက်ပြီး မမေးဘဲ မနေနိုင်တော့ချေ: "မင်း အဲဒါကို ဘယ်လို ဖြေရှင်းမှာလဲ?"

ရွှီရှင်းတောသည် ဝေ့လန်ကို တစ်ချက်ကြည့်လိုက်ပြီး အရောင်ရောစပ်မှုကို ဆက်လက် ချိန်ညှိနေ၏။

ထုန်းယန်သည် သူ၏ကျောင်းယူနီဖောင်းကုတ်ပေါ်က ထောပတ်ကို ဖယ်ရှားနေသည့် ဝေ့လန်ထံသို့ လျှောက်သွားလိုက်ပြီး လျိုယထင်းနှင့် ပတ်သက်သည့် တစ်စုံတစ်ရာကို ပြောလိုက်သည်။ ထို့နောက်တွင်တော့ ​ဝေ့လန်တစ်ယောက် လျိုယထင်းဆီသို့ သွားလိုက်သည်။

ဝေ့လန်နှင့် လျိုယထင်းတို့ကလည်း တစ်ဦးနှင့်တစ်ဦးရင်းနှီးကြသည်။ ထို့အပြင် သူတို့ဟာ ငယ်ရွယ်စဉ်ကတည်းက ကျားဟွာနိုင်ငံတကာကျောင်းတွင် အတူတကွ ပညာသင်ကြားခဲ့ကြတာ ဖြစ်သည်။ သူဟာ လျိုယထင်း၏ ဘေးတွင်ထိုင်လိုက်ပြီး သက်ပြင်းချလိုက်သည်။

လျိုယထင်းက စိတ်အခြေအနေမကောင်းပေ။ ဝေ့လန်ကို မြင်သွားပြီးနောက် သူမဟာ မေးလိုက်သည်။ "ဘာဖြစ်တာလဲ?"

"ငါ သူမကို လိုက်နေတာ" ထိုစကားကို ပြောပြီးနောက် သူဟာ ရွှီရှင်းတောရှိရာဖက်ကို ကြည့်လိုက်ပြီး ဆက်ပြောလေသည်။ "ပိတ်ရက်တုန်းက ကျန်းလုံထောင်း သူမကို ပြဿနာရှာတော့မယ်ဆိုတာ ငါ သိလို့ အစ်ကိုယန်ကို ငါနဲ့ ခေါ်သွားတာ။ ရလဒ်အနေနဲ့ အစ်ကိုယန်က ငါ့ကို ကူညီပေးရင်း ကြားကနေ အချောင်ဝင်ခံလိုက်ရတဲ့သူ ဖြစ်သွားတာ"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now