Chapter7(Unicode&Zawgyi)

1.7K 172 6
                                    


Chapter 7:ပြက်ရယ်ပြုခြင်း (3)

ဒီအလှလေးက ဖန်သားပြင်မှာ မြင်ရဖို့ပဲ သင့်တော်တယ်။ ကင်မရာပေါ်မှာ အပြုံးလေးတစ်ပွင့်နဲ့တင် သူမက ဖန်တစ်သိုက်ကို ဆွဲဆောင်နိုင်တယ်။ ပြီးတော့ သူတို့ကို သူမအတွက် ရူးသွပ်သွားအောင် ပြုလုပ်နိုင်တယ်။

ကျောင်းတွင် သူမရှိနေခြင်းသည် သေချာပေါက်ကိုလျစ်လျူရှုထားလို့မရသည့် တည်ရှိမှုဖြစ်သည်။

နေရောင်ခြည်လို အလှလေး။

ဒါပေမဲ့...အဆုံးသတ်မှာ သူမက တောသားငတုံးသာသာတစ်ယောက်ပဲ။

ရှန်းကျုဟန်သည် သူမ၏ မွေးစားသမီး ဖြစ်တည်မှုကို စက်ဆုပ်သည်။

သူ တည်တည်ငြိမ်ငြိမ်ဖြစ်ရန် ဟန်ဆောင်လိုက်ပြီး
ပြောလိုက်သည်။ "မင်းကရွှီရှင်းတောလား?"

"သူဒေါသထွက်လို့မရဘူး" ထုန်းယန်၏မျက်လုံးများသည် စားပွဲပေါ်ရှိ ရှန်းကျုဟန်၏ လက်များဆီသို့ ငုံကြည့်လိုက်သည်။ သူသည် ဒေါသထွက်ချင်သော်ငြား ဤကိုယ်သည် ရွှီရှင်းတော၏ခန္တာကိုယ်ဖြစ်ကြောင်း သူ့ကိုယ်သူပြောလိုက်သည်။ သူ ဒေါသမထွက်နိုင်တော့ပေ။

မဟုတ်ရင် ငါ့ရဲ့အန်တီကြီးက ထပ်ပြီး ဒေါသထွက်လိမ့်မယ်။

(ET/N: ဒီက "အန်တီကြီး" ဆိုတာက ရွှီရှင်းတောအတွက်သုံးတဲ့ နာမည်ပြောင်ပါ)

"မင်းအဲ့ဒီ ရယ်စရာကောင်းတဲ့အတွေးတွေကို ဘေးဖယ်ထားပြီး စိတ်ကူးယဉ်အိပ်မက်မက်မနေဖို့ ငါမင်းကို အကြံပေးချင်တယ်" ရှန်းကျုဟန်တစ်ယောက်တခစ်ခစ်ရယ်ပြီး အေးစက်စွာပြောလေသည်။

အကြံပေးချင်တယ်*

"ဘာအတွေးတွေလဲ?" ထုန်းယန်တစ်ယောက် သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။

"ငါ့မှာ မုမိသားစုနဲ့ လက်ထပ်စာချုပ်တစ်ခုရှိတယ်ဒါပေမဲ့ လက်ထပ်စာချုပ်က ယောင်ယောင်လို စစ်မှန်တဲ့ မိန်းမပျိုလေးနဲ့ပဲ။ မင်းလို တစ်ချို့မွေးစားသမီးနဲ့ မဟုတ်ဘူး။အတည်ပေါက်ကြီး...မင်းကတကယ်ပဲ
မွေးစားသမီးတစ်ယောက်လား? ဒါမှမဟုတ်...." ရှန်းကျုဟန်တစ်ယောက် ယုတ်မာစွာရယ်မောလေသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now