Chapter 47(Unicode&Zawgyi)

1.2K 112 1
                                    


တုန်းယန်က ရွှီရှင်းတောအား ငြင်ငြင်သာသာမေးလိုက်သည် " မင်းဘာစားချင်လဲ ? "

ရွှီရှင်းတောသည် မီနူးကိုကြည့်လိုက်ပြီး တိုးတိုးလေးရေရွတ်လိုက်သည်" ရေခဲမုန့်စားချင်တယ်..."

တုန်းယန်ကသူမကိုကြည့်လိုက်သည်။သူမ၏အစာအိမ်ကရေခဲမုန့်ကိုလက်မခံနိုင်ဘူးဆိုတာသူသိနေသောကြောင့် ကူရာကယ်ရာမဲ့စွာပင် သက်ပြင်းချလိုက်သည်။
"ခန္ဓာကိုယ်ချင်းလဲကြရအောင်"

ရွှီးရွှင်းတောသည် တုန်းယန်၏ခန္ဓာကိုယ်ထဲဝင်သွားပြီးနောက် သူမ၏ခြေချင်းချိတ်လိုက်ကာ Menuကိုကြည့်ပြီးသူမစားချင်တာကိုမှာလိုက်သည်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက တုန်းယန်မှာငွေပြတ်လပ်သည်ဟူ၍မရှိသောကြောင့် သူမသည် စျေးနှုန်းမကြည့်ပဲမှာခဲ့သည်။သူမသည် တုန်းယန်ကိုအကြိမ်များစွာကူညီခဲ့သည်။ပင်ကိုအားဖြင့် သူ့ပိုက်ဆံတွေကိုသုံးရာတွင် သူမက သက်ညှာမှုမရှိပေ။ဒါအပြင် တုန်းယန်သည်လည်းငွေအတွက်နဲ့ဂရုစိုက်မနေဘူးဆိုတာကိုသူမသိလေသည်။

အမျိုးအမည် အများကြီးမှာပြီးတဲ့နောက်မှာ ရွှီရှင်းတောသည် အခုလေးတင်ရောက်တဲ့လောရွှီကို မီနူးပေးလိုက်သည်။

လောရွှီသည် တုန်းယန်ကမီနူးကိုကျော်သွားကြောင်း မြင်လိုက်သောအခါ တံတွေးကိုမြိုချလိုက်သည်။ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး မီနူးကိုယူလိုက်၏။သူမသည်သိမ်မွေ့သောအပြုံးနှင့်အတူ တည်ကြည်လေးနက်စွာနဲ့ စမှာလိုက်သည်။

တုန်းယန်သည် စာပို့ရန်ရွှီရှင်းတော၏အိပ်ကပ်ထဲမှဖုန်းကို ထုတ်ယူလိုက်သည် : မင်းခန္ဓာကိုယ်ထဲမှာမင်းရှိနေတုန်းက လက်ဖက်ရည်နဲ့ရေနွေးကိုပဲသောက်တယ်။ ဒါပေမယ့် ငါ့ခန္ဓာကိုယ်ထဲလည်းဝင်လာရောနို့လက်ဖက်ရည်သောက်ပြီး အဆီတွေအများကြီးပါတဲ့ရေခဲမုန့်မှာတယ်။မင်းကငါ့ခန္ဓာကိုယ်အတွက်လုံးဝကိုမတွေးပေးဘူးပဲ။

ရွှီရှင်းတော စာပြန်လိုက်သည် : မိန်းကလေးတွေကပိုဝလွယ်တယ်။

တုန်းယန်သည် ရွှီရှင်းတောအားလှမ်းကြည့်လိုက်ပေမယ့် သူ့အားတစ်စုံတစ်ရာ စိတ်မသက်မသာဖြစ်​စေသည့် သူ့ခန္ဓာကိုယ်ကိုပဲမြင်ရသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now