Chapter 56(Unicode&Zawgyi)

1.1K 107 0
                                    


တရုတ်အရှေ့မြောက်ပိုင်းဒေသရှိ ဆောင်းရာသီက အလွန်အေးသည့်အတွက် အဖွားရွှီက ရွှီရှင်းတောအား သစ်ကိုင်းခြောက်တချို့ ကောက်ယူရန် တောင်ပေါ်သို့ ခေါ်သွားလိမ့်မည်။ အဖွားအိုကြီးတစ်ယောက်နှင့် မိန်းမပျိုလေးတစ်ယောက်က ထူထဲသော သစ်ပင်ကြီးများကို ခုတ်ယူဖို့ အင်အားမရှိပေ။ သူတို့က အဆင်ပြေသော သစ်ကိုင်းများကိုသာ ဖြတ်ယူနိုင်၏။ အဖွားရွှီက အိပ်ယာမဝင်ခင် ထင်းဖြင့် ထင်းမီးပျိုးလိမ့်မည်။ သို့သော်ငြား ညလယ်ခေါင်တစ်ဝက်လောက်တွင် အေးလာလိမ့်မည်ဖြစ်သည်။

အဖွားရွှီက တစ်ခါတစ်ရံတွင် ညလယ်ခေါင်ကြီးထပြီး မီးထပ်မွှေးလိမ့်မည် ဖြစ်သည်။ သူမ၏အားနည်းသော ခန္ဓာကိုယ်ကြောင့် သူမဟာ မကြာခဏတော့ မလုပ်နိုင်ပေ။

မကြာခဏဆိုသလို ရွှီရှင်းတောတစ်ယောက် ဂွမ်းကပ်ထဲတွင် ခိုက်ခိုက်တုန်နေတတ်၏။

သူမ၏ခြေထောက်တွင် နှင်းကိုက်နာရှိသည်။ အခြေအနေက နှစ်များအတွင်း တိုးတက်လာခဲ့သော်လည်း ၎င်းက အမြဲတစ်စေ မကြာခဏဆိုသလို ပြန်ပေါ်လာတတ်သည်။

ပြန်ပေါ်လာသည့် လက္ခဏာများက အရေပြားကို အပူနှင့် ထိတွေ့မိပြီးနောက် တဖျဉ်းဖျဉ်းခံစားရခြင်း၊ အသားအရည်နီမြန်းလာခြင်းနှင့် ရေကြည်ဖုထွက်လာခြင်းတို့ ဖြစ်သည်။

တစ်ခါတုန်းက ထုန်းယန်ဟာ ရွှီရှင်းတောအား သူမမှာ အားကစားသမားတစ်ယောက်၏ ခြေထောက်ရှိတာလားဟူ၍ မေးခဲ့ဖူးသည်။ ရွှီရှင်းတောက ပြုံးရုံသာ ပြုံးပြီး ပြန်မဖြေခဲ့ချေ။ သူ အသက်ကြီးလာသည့်အခါ ထုန်းယန်တစ်ယောက် စဉ်းစားတွေးတောတတ်လာပြီး ၎င်းကို ဘယ်တော့မှ ထပ်မပြောတော့ချေ။ သူဟာ သူမကို တိတ်တဆိတ်သာ ဂရုစိုက်ပေး၏။

သူမဟာ တစ်ခဏတာမျှ စားပွဲပေါ်တွင် မှောက်နေပြီး ရုတ်တရုတ် တံခါးခေါက်သံကို ကြားလိုက်ရသည်။

သူမဟာ တံခါးကိုကြည့်လိုက်ပြီး မလှုပ်ချင်ပေ။
အပြင်ဖက်ရှိ လူက ပြောလာ၏။ "ငါ တံခါးရှေ့မှာ တစ်ခုခု ထားခဲ့တယ်"

စကားဆုံးသွားပြီးနောက် သူဟာ ထွက်သွား၏။

၎င်းက မုချင်းယီ၏အသံဖြစ်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now