Chapter 7: Her Crisis Of Expulsion

10.8K 1.4K 13
                                    

UNICODE

မုချင်းရွဲ့က အဲဒါလည်းပြောပြီးရော အဝေးကို ခပ်မြန်မြန်လျှောက်သွားသည်။

သူမဘေးနားမှာ ရှိတဲ့ တခြားကျောင်းသူတွေကတော့ သူတို့မျက်နှာမှာ ကြောက်ရွံ့တဲ့ပုံဖြစ်နေပြီး အဝေးကို မြန်မြန်ထွက်သွားကြသည်။

မသိရင် ငါလေးက ခုချက်ချင်းပဲ အဓမ္မကျင့်တော့မယ့်ပုံစံတွေနဲ့... အရာအားလုံးက ခက်ခဲလိုက်တာ

မူလကိုယ်ပိုင်ရှင်က တကယ့်ကို အထူးအဆန်းပဲ... မိန်းကလေးတွေနဲ့ နေ့တိုင်းကလူကျီစယ်နေတဲ့အပြင် အကုန်လုံးကြောက်ကြတဲ့ နှာဘူးပုံစံဖြစ်အောင်တော့နေလိုက်သေး

ထားလိုက်ပါတော့ အဲဒါလည်း တစ်ခုကောင်းတာပဲ... ဘယ်သူမှ နီးနီးကပ်ကပ်မနေချင်တော့ သူမခန္ဓာကိုယ်လေးအကြောင်း ဘယ်သူမှသိဖို့မရှိဘူး။

ယဲ့ချင်းရန်က စာသင်ခန်းဆီ ဖြည်းဖြည်းချင်းပဲ လမ်းလျှောက်သွားသည်။ သူမအခန်းထဲရောက်တာနဲ့ တစ်ပြိုင်နက် ဆူညံနေတဲ့ အခန်းက ရုတ်ချည်းဆိုသလို တိတ်ဆိတ်သွားသည်။ ယဲ့ချင်းရန်က အမူအရာက တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်သူ့ကိုမှ ကြည့်မနေဘဲ ပုခုံးပေါ် လွယ်အိတ်တင်လိုက်ရင်း သူမ ထိုင်ခုံသို့ သွားပြီး ထိုင်ချလိုက်သည်။

သိပ်မကြာခင်မှာပဲ ကျောင်းသားကိုယ်ဆီက သူတို့ကိစ္စနဲ့သူတို့ ပြန်ဆူညံလာကြသည်။

ယဲ့ချင်းရန်ရဲ့ စားပွဲဖော် ကျီရှားက အသံတိုးလေးနဲ့မေးလာသည်။ "ငါကြားတာက ဟိုဘက်စာသင်ခန်းက စီဂျင်းကို နင် အဓမ္မကျင့်တယ်ဆို ဟုတ်လား?"

အခန်းက တစ်ဖန်ပြန်ပြီး တိတ်ဆိတ်သွားသည်။ အကုန်လုံးက အဲ့မေးခွန်းကို မေးချင်ကြပေမယ့် မမေးရဲကြပေ။ ယဲ့ချင်းရန် မဖြေခင်မှာပဲ တစ်ယောက်က အေးစက်စွာ ထပြောလာသည်။ "မေးစရာလိုသေးလို့လား? ဘယ်မိန်းကလေးက သူ့ဖြူစင်မှုကို အသုံးကျပြီး တခြားသူကို အကွက်ဆင်မှာလဲ"

ထပြောလာတဲ့သူက တခြားသူမဟုတ် အခန်း၇ရဲ့ အတန်းခေါင်းဆောင် ဟွာချီ ဖြစ်သည်။ သူက အတန်းထဲမှာ ယဲ့ချင်းရန်ကို အမုန်းဆုံးသူဖြစ်သည်။ ညံ့ဖျင်းတဲ့အဆင့်တွေနဲ့ မကောင်းသတင်းတွေကြောင့် ယဲ့ချင်းရန်ကိုမုန်းတာအပြင် သူက မုချင်းရွဲ့ကို တစ်ဖက်သက်သဘောကျနေတဲ့သူဖြစ်တာကြောင့်လည်း မုန်းတာဖြစ်သည်။ ဒီနေ့ သူအတန်းထဲရောက်တော့ ယဲ့ချင်းရန် အတန်းထဲ မရောက်ခင်မှာ ယဲ့ချင်းရန်က မုချင်းရွဲ့ကို နှောင့်ယှက်နေတယ်ဆိုတဲ့အကြောင်းကြားလိုက်သည်။ အဲဒါကြောင့် သူ့ရဲ့ဒေါသတွေကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now