Chapter 165: Tricked By Chu Yan

7.5K 1.1K 43
                                    

UNICODE

ယဲ့ချင်းရန်နှင့် တခြားသူတွေက ကြိုပြီး ဟိုတယ်ဘိုကင်လုပ်ထားပြီးပြီဖြစ်သည်။ သူတို့က သူငယ်ချင်းတွေဆိုရင်တောင်မှ ယဲ့ချင်းရန်တို့အုပ်စုက သူတို့ရဲ့ အိမ်ကို မနှောင့်ယှက်ချင်ပေ။ ဒါက အခြေခံကျင့်ဝတ်ဖြစ်၏။

သို့ပေမယ့် ပိုင်ပေပေနှင့် ပိုင်ရှုတို့က ပိုင်မိသားစုအိမ်မှာ နေဖို့ သူတို့ကို နွေးထွေးစွာ ဖိတ်ခေါ်သည်။

မအောင်မြင်တဲ့ ငြင်းဆိုမှုတစ်ချို့ပြီးနောက်မှာတော့ သူတို့အုပ်စုက ပိုင်မိသားစုအိမ်မှာ တည်းဖို့ ပိုင်မောင်နှမနောက်သို့ လိုက်သွားတော့သည်။

ကျင်းမြို့တော်ရဲ့ ဆောင်းတွင်းက ဘယ်လိုပင်အေးပါစေ ဆယ်ဒရီဂီ Celsius ထက်ပိုနေတုန်းပင်။ မြို့တော်မှာ နှင်းပွင့်တွေက လေအဟုန်မှာ လွင့်နေ၏။

အေးပေမယ့်လည်း လမ်းမတွေမှာချိတ်ထားသည့် မီးပုံးနီနီတွေက ပွဲတော်မှာ သက်ဝင်အောင် လုပ်ပေးနေသလိုပင်။

ခရီးစဉ်တစ်လျှောက် ချူရုန်ရုန်က ယဲ့ချင်းရန်ဘေးနားမှာပဲရှိနေကာ သူမက နာခံပြီး ချစ်ဖို့ကောင်းသည်။

ပိုင်ရှုက အရမ်းကို မနာလိုအားကျမိသည်။

ညစာစားနေချိန်မှာ ပိုင်ရှုက ယဲ့ချင်းရန်အတွက် ဝိုင်တစ်ခွက်ငှဲ့ပေးသည်။ ချူရုန်ရုန်က အလျင်အမြန်ပြောလာသည်။ "အစ်ကိုပိုင် အစ်ကိုရန်က မသောက်တတ်ဘူး။ ပြီးတော့ သောက်ရတာလည်း မကြိုက်ဘူး"

ပြီးနောက် သူမက ယဲ့ချင်းရန်အတွက် ဟင်းတစ်ချို့ ထည့်ပေးလိုက်သည်။ "အစ်ကိုရန် ဒီပုဇွန်လေးစားကြည့် အရမ်း အရသာရှိတာ"

ပိုင်ရှု သူ့ကိုယ်သူမထိန်းနိုင်တော့ပေ။ သူ့မျက်နှာမှာလည်း မနာလိုအားကျမှုတွေနှင့် ပြည့်နေသည်။

ညစာပြီးနောက် ချူရုန်ရုန်က သူမအခန်းကို ပြန်သွားသည်။ ပိုင်ရှုက ယဲ့ချင်းရန်ကို ချက်ချင်းထိကာ အရမ်းကို စိတ်ထိခိုက်နစ်နာနေသည့်လေသံဖြင့် ခေါ်လိုက်၏။ "ယောက်ဖငယ်လေး"

ယဲ့ချင်းရန်က သူ့ဘက်ကို ပြန်လှည့်ကြည့်လာသည်။

အချိန်တော်တော်ကြာပြီးသည်အသိ စကားမစလာလို့ သူမမေးလိုက်သည်။ "ယောက်ဖ ဘာဖြစ်လို့လဲဟင်"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now