Chapter 59: Her Women

9.1K 1.3K 77
                                    

UNICODE

ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးမိန်းကလေးပဲဖြစ်မယ်လို့ မော့နိုင်နိုင်ခံစားနေရသည်။ သူမနှင့် တူတူကြီးပြင်းလာသည့် ကောင်လေးကို သူမ သဘောကျပေမယ့် သူမခံစားချက်ကို ဖွင့်မပြောရဲခဲ့ပေ။ ဘာလို့လဲဆိုတော့ သူက သူမထက် ၃နှစ်တောင်ငယ်တယ်လေ... အဲဒါကြောင့် ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက် သူတွဲနေတာကိုပဲ သူမ စောင့်ကြည့်နေမိသည်။

နောက်ဆုံးမှာ သူမရဲ့သတ္တိတွေကို စုဆည်းပြီး သူမရဲ့ငယ်ချစ်ဦးလေးထံကို ဖွင့်ဟဝန်ခံခဲ့သည်။ အဆုံးသတ်မှာတော့ သူမပဲ အံ့အားသင့်ခဲ့ရသည်။

နှစ်ပေါင်းများစွာ သူမ ချစ်ခဲ့ရသည့် ထိုကောင်လေးက သူဟာ ယောကျာ်းတွေကိုပဲ သဘောကျကြောင်းနှင့် ကောင်မလေးတွေနဲ့ ချိန်းတွေ့တာတွေက သူ့ရဲ့ လိင်စိတ်ဝင်စားမှုကို ဖုံးကွယ်ဖို့ဆိုပြီး သူမကို ပြောခဲ့သည်။ သူမ အရမ်းကို ဝမ်းနည်းမိသည်။ ဒါကို သူမ လက်မခံနိုင်ပေ။ သူမ၏ ငယ်ချစ်ဦးက သူမကို လိမ်နေတယ်လို့ သူမ သံသယဖြစ်မိသည်။

ဒါပေမယ့် သူမတို့နှစ်ယောက် မတွေ့ဖြစ်တာ နှစ်တော်တော်ကြာနေပြီဖြစ်သည်။ သူမ ဂေးမဟုတ်ဘူးဆိုတာကိုလည်း သူမ အပြည့်အဝမသေချာပေ။

သူမက ယဲ့ချင်းရန်ရဲ့ ရည်းစားနှစ်ယောက်နှင့်သိသည်။ သူတို့ကတော့ ယဲ့ချင်းရန် ဂေးဟုတ် မဟုတ် သိလိမ့်မည်။ အဲဒါကြောင့် မော့နိုင်နိုင်က Group Chat တစ်ခု လုပ်လိုက်သည်။

အစပိုင်းမှာတော့ Group Chat ထဲတွင် မော့နိုင်နိုင်၊ တန်တန် နှင့် ချီရွှမ်း တို့ ၃ဦးသာရှိသည်။

မော့နိုင်နိုင်: [ နင် နှစ်တွေအများကြီးကြိုက်ခဲ့တဲ့ ကောင်လေးကို နောက်ဆုံးမှဦ သဘောကျကြောင်း ပြောခဲ့ပေမယ့် အဲ့ကောင်လေးက နင့်ကို သူဂေးဖြစ်နေကြောင်း ပြောလာရင် နင်တို့ ဘယ်လိုလုပ်မလဲ? ]

ချီရွှမ်း , ယဲ့ချင်းရန်၏ နံပါတ်၁ရည်းစား : [ အမကြိုက်တဲ့ကောင်လေးက ညီမ ရည်းစားလား]

တန်တန်က နံပါတ် ၂ ရည်းစားဖြစ်သည်။ သူမက လူငယ်ကျောင်းအကြောင်း ဒရမ်မာ ရိုက်ကူးပြီးနောက်မှာ တစ်ညထဲနှင့် နာမည်ကြီးလာသူဖြစ်သည်။ [ယဲ့ချင်းရန်လို့တော့ ညီမတို့ကို မပြောနဲ့နော် ]

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now