Chapter 107: Her Two Boats Almost Capsized

7.8K 1.2K 88
                                    

UNICODE

ပြောင်းပြန်အနေနှင့် သူမကို ပြောဆိုထားသည့် ထို အင်တာနက်သုံးစွဲသူတွေက အပြစ်ရှိသလို ခံစားရပြီး သူမကို ပိုပိုပြီး နာမည်ကြီးအောင် လုပ်ပေးလာလိမ့်မည်။ အနာဂတ်မှာ သူမက အရည်အသွေးမြင့်သည့် ဖျော်ဖြေမှုတွေ ထုတ်လုပ်လာနိုင်သရွေ့ သူမက A တန်းအဆင့်ရှိ အနုပညာရှင်ဖြစ်လာလိမ့်မည်။

မုချင်းရွဲက အပေါ်ယံမှာတော့ ထုတ်ဖော်မပြပေမယ့် သူမစိတ်ထဲမှာတော့ ပျော်နေတာဖြစ်သည်။

ရက်အနည်းငယ်ကြာသည်အထိ သူမက ဒီနာကို နေ့တိုင်းစာပို့ကာ ဒီနာနှင့်ပိုရင်းနှီးချင်သည်။ မုချင်းရွဲကို မေးခွန်းထုတ်တာရယ်နှင့် ဖောင်ဒေးရှင်းကို မေးခွန်းထုတ်လာတာတွေကို ဒီနာမြင်လိုက်သည်။ ဖောင်ဒေးရှင်းကို စပြီး တူးဖော်တော့မှာကို သူမမြင်တော့ သူမနောက်ကွယ်ရှိလူကို ချက်ချင်းဖုန်းခေါ်တော့သည်။

"ဒါရိုက်တာလုံ...ဒါက ကျွန်မအမှားတွေပါ... ကျွန်မက ငွေများများရချင်လို့ ပြောရေးဆိုခွင့်ရှိသူကို ရှာချင်ခဲ့ရုံပါ ဒါပေမယ့် မုချင်းရွဲက ဝေဖန်ခံရမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး... အခု လူတွေက သူမကို ဝေဖန်ရုံတင်မကဘူး ဖောင်ဒေးရှင်းကိုပါ တူးဖော်ချင်လာပြီ.... သူတို့က ပြဿနာကို တကယ်ရှာတွေ့သွားမှာကို ကျွန်မကြောက်တယ်"

ဒီဒါရိုက်တာလုံဆိုသူကတော့ လုံကျွင်းယောင်ဖြစ်သည်။

လုံကျွင်းယောင်က မုချင်းရွဲ ဖျော်ဖြေရေးလောကထဲသို့ ဝင်တာကို သိသည်။ သူမက ဒီတိုင်း ရေးကြီးခွင်ကျယ်လုပ်ချင်တာလို့ပဲ သူတွေးခဲ့တာမို့လို့ ဂရုမစိုက်ခဲ့ပေ။

မုချင်းရွဲက Mi Foundation ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်လာမယ်လို့ သူမထင်ထားခဲ့ပေ။ သူက မျက်မှောင်ကြုတ်ကာ မုချင်းရွဲဆီ တိုက်ရိုက်ဖုန်းခေါ်တော့သည်။

သူ့အကြံတွေ ပျက်သွားပြီမို့လို့ စိတ်အခြေအနေမကောင်းနေပေ။ သူက လေသံပြင်းပြင်းဖြင့် မေးလိုက်သည်။

"မင်းကို ဘယ်သူက MI Foundation ရဲ့ ပြောရေးဆိုခွင့်ရှိသူလုပ်ဖို့ ပြောခဲ့လဲ?"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now