Chapter 17: She Fought With The Male Protagonist For A Woman?

10.3K 1.3K 49
                                    

တုန်ဖန်းယွီက ယဲ့ချင်းရန်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့မျက်လုံးတွေထဲမှာ စိတ်မရှည်မှုတွေနဲ့ ရွံရှာမှုတွေ ပြည့်နေသည်။ သူက မညှာမတာ ပြောလာသည်။ "မင်းက ချင်းရွဲအတွက် ငါနဲ့ ရန်ဖြစ်ချင်တာလား... မင်းက သူမကိုမရတာနဲ့ သူမကိုဖျက်ဆီးပစ်ချင်နေတာမဟုတ်လား"
ယဲ့ချင်းရန်က ပြတင်းပေါက်ကို မှီလိုက်သည်။ သူမ မျက်ဝန်းတွေက အေးစက်နေသည်။ သူမက လှောင်ပြောင်လိုက်သည်။ "မင်းမှာ အကြိုက်ဆိုးဆိုးရှိနေတာ မင်းပြဿနာလေ ငါ့ကို အဲ့ထဲဆွဲမထည့်နဲ့"

ကျောင်းမှပွဲတစ်ခုတွင် တုန်ဖန်းယွီက မုချင်းရွဲကို မြင်မြင်ချင်း ချစ်သွားသည်။ အဲ့အချိန်ကနေစပြီး သူမကို အရူးအမူးပိုးပန်းတော့သည်။ သူမကို သူက သူ့မိန်းကလေးအဖြစ် သတ်မှတ်ထားပြီး ပိုင်ဆိုင်လိုစိတ် ပြင်းပြသည်။

မူလကိုယ်ပိုင်ရှင်က မုချင်းရွဲကို သဘောကျကြောင်းပြောပြီး သူမရဲ့ လေးယောက်မြောက် ကောင်မလေးဖြစ်စေချင်ကြောင်းပြောခဲ့တုန်းကလည်း တုန်ဖန်းယွီက မူလကိုယ်ပိုင်ရှင်ကို သတိလာပေးခဲ့ဖူးသည်။

"မင်း" တုန်ဖန်းယွီရဲ့မျက်နှာက မဲမှောင်သွားသည်။ "ယဲ့ချင်းရန် ငါက ယဲ့မိသားစုကို မျက်နှာသာ မပေးဘူးလို့ လာမပြောနဲ့... ချင်းရွဲကို အခုချက်ချင်းတောင်းပန်ဖို့ ငါအခွင့်အရေးပေးတယ်နော်... သူမက မင်းကို ခွင့်လွှတ်နေသရွေ့ မင်းသူမကို နှောင့်ယှက်တဲ့ ကိစ္စက ဖြေရှင်းပြီးသားဖြစ်မှာ"

ယဲ့ချင်းရန်က ကြက်သေသေသွားသည်။ "ဘာကြီး? ငါက မုချင်းရွဲကို နှောင့်ယှက်တယ်? ဘယ်တုန်းကလဲ? ဘာလို့ ငါမသိရတာလဲ"

"မင်းက ကတ်သီးကတ်ဖဲ့ပြောချင်နေတုန်းပဲလား"

"ကတ်သီးကတ်ဖဲ့? အဲ့လိုဆို ငါက ပိုပြီး ရှုပ်သွားပြီ... ဒီနေ့ မင်းငါ့ကို အကြောင်းပြချက်မပေးနိုင်ရင် မင်းက ငါ့ကို အသရေဖျက်တာပဲ... ငါရှေ့နေရှာပြီး မင်းကို တရားစွဲပစ်မှာ... မင်း ဒေဝါလီမခံမချင်းကို တရားစွဲမှာ"

ယဲ့ချင်းရန်ရဲ့ လေသံကို ပြတ်သားသည်။ သူမရဲ့ အပြုံးတွေတောင် ပျောက်ကွယ်သွားသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now