Chapter 76: She Wanted to Catch The Leader First Before She Catch the Thief

8.7K 1.4K 58
                                    

UNICODE

ယဲ့ချင်းရန်က အရမ်းကို လျင်မြန်ပြီး သူမရဲ့ခန္ဓာကိုယ်ကလည်း ပျော့ပျောင်း၏။ ချက်ချင်းကို သံတုတ်ရိုက်ချက်ကို ရှောင်လိုက်သည်။ လျန်ရှောင်း၏ သံတုတ်ရိုက်ချက်က လွဲသွားသည်။

လျန်ရှောင်းက အေးစက်စွာ ပြုံးလိုက်သည်။ "ဘာကိုပုန်းနေရာတာလဲကွ"

သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ထပ်ခါ လွှဲရိုက်လိုက်ပြန်သည်။ သို့သော်လည်း လွဲသွားတုန်းပင်

ဒါပေမယ့် သူ့ရဲ့ခွန်အားက အရမ်းကို သန်မာသည်။ ယာယီဂိုဒေါင်ရဲ့မြေကြီးက ခြောက်သွေ့နေသည်။ သူ့ရဲ့ကြီးမားသည့် ခွန်အားကြောင့် မြေကြီးက ကွဲအက်သွားသည်။ ဖုန်မှုန့်တွေက နေရာတိုင်းကို လွင့်ပျံ့သွားသည်။

ယဲ့ချင်းရန်ရဲ့မျက်ဝန်းတွေက နက်မှောင်သွားကာ... သူမ၏နှုတ်ခမ်းထောင့်၌ အေးစက်သည့်အပြုံးတစ်ခု ပေါ်ပေါ်လာသည်။ အကြံရသွားပြီ..

ခြေထောက်ကို မလိုက်ပြီး မြေကြီးပေါ်က သဲတွေကို လျန်ရှောင်းဆီကန်ထုတ်ပစ်လိုက်သည်။ ဖုန်မှုန့်တွေက သူ့အမြင်အာရုံကို ဝေဝါးသွားစေပြီး ခေါင်းကို အလိုလိုစောင်းပစ်လိုက်သည်။ အဲ့အခွင့်အရေးကို အခွင့်ကောင်းယူပြီး ယဲ့ချင်းရန်က သူမခန္ဓာကိုယ်ကို နှိမ့်ချပြီး လျန်ရှောင်းရဲ့ခြေထောက်ကိုသံတုတ်ဖြင့် ရိုက်ချလိုက်၏။

လျန်ရှောင်းလည်း နာကျင်မှုကို ခံစားလိုက်ရပြီး သူ့ရဲ့ခြေထောက်တွေ ပျော့သွားကာ မြေကြီးပေါ်ကျသွားမလိုဖြစ်သွားသည်။ ထိုအခွင့်အရေးကို တစ်ဖန်အခွင့်ကောင်းယူပြီး သူ့ဗိုက်ကို သံတုတ်ဖြင့်ရိုက်ကာ ကန်ထည့်လိုက်သည်။

လျန်ရှောင်းက အကန်ခံရပြီး ပစ္စည်းထည့်သည့် သေတ္တာကို တိုက်မိသွား၏။ သေတ္တာမှာ ဝင်တိုးလာသည့် အားကို မခံနိုင်ဘဲ တစ်စစီကွဲသွားသည်။

၃ချက်ဆက်တိုက် တိုက်ခိုက်မှုက အရမ်းကို အထိနာသွားစေသည်။ လျန်ရှောင်းမှာ နာလွန်းလို့ သူ့မျက်နှာတွေ ဖြူဖျော့သွားရသည်။ အထူးသဖြင့် ဗိုက်နေရာကဖြစ်သည်။ မသိရင် တစ်ယောက်ယောက်က ဓားနဲ့ထိုးလိုက်သလိုပင်.... နာလွန်းလို့ အန်တော့မလိုပင်... သူ့ရဲ့ခွန်အားတွေကို အကုန်သုံးထားခဲ့တာဖြစ်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now