Chapter 48: She Did Not Play by the Rules

8.8K 1.3K 42
                                    

UNICODE

လုံကျွင်းယောင်ရဲ့ မျက်နှာက အေးစက်သွားတာက ရေခဲရေနဲ့ ပက်ထည့်လိုက်သလိုပင်... တင်းမာသည့် လေသံဖြင့် ပြောလိုက်သည်။

"မင်းက သေဖို့ တောင်းဆိုနေတာပဲ"

ယဲ့ချင်းရန်ရဲ့ မျက်ဝန်းတွေက အေးစက်တဲ့အငွေ့အသက်ဖြစ်သွားပေမယ့် အပြုံးလေးဖြင့် ပြောလိုက်သည်။

"ကျွန်တော်က ခင်ဗျားအတွက် ကောင်းချီးပေးနေတာလေ ဘယ်နှယ့် သေဖို့ တောင်းဆိုရမှာလဲဗျ... ခင်ဗျားကို လူတွေက ဆဲဆိုတာကိုပဲ သဘောကျတယ်လို့တော့ မပြောနဲ့နော်"

တောက်ပတဲ့ မီးအလင်းက အခန်းတွင်း ဖြာကျနေတာက သူမမျက်နှာကို မသိမသာ ပင့်တင်ပေးထားသလိုပင်... သူမရဲ့ ဖြူနုတဲ့ အသားအရေက ကျောက်စိမ်းလိုပင် ကြည်လင်လှသည်။ ဖြူညက်မှုက သန့်စင်တဲ့ ခံစားချက်ကို ပေးနေသယောင်

သူမအကြည့်တွေက လှပသည့် ကျောက်လိုပင် လင်းလက်စွာ တောက်ပနေသည်။ အပြုံးတစ်ဝက်ဖြင့် လုံကျွင်းယောင်ကို ကြည့်နေသည့် သူမက တမင်ရန်ဆွနေသလို...

လုံကျွင်းယောင် ကြောင်အသွားသည်။ ဘယ်လိုလုပ်ပြီးတော့များ ဒီကောင်လေးက မိန်းကလေးတစ်ယောက်လို လှရက်ရတာလဲ?

"ကျွန်တော်က သေဖို့လမ်းစရှာတာမျိုးမကြိုက်လို့ နှိမ့်ချပြီးတော့ပဲ နေတယ်... ဘာလို့လဲဆိုတော့ လူတစ်ယောက်က အရမ်းကို မောက်မာလွန်းရင် သူ့ရဲ့ မောက်မာမှုရဲ့ တန်ဖိုးကို အနှေးနဲ့ အမြန်ပေးဆပ်ရမှာမို့လို့ပဲ... သူဘယ်လို သေသွားလဲဆိုတာတောင် ဘယ်သူမှ သိသွားမှာမဟုတ်ဘူး"

ယဲ့ချင်းရန်က အပြုံးလေးဖြင့် ပြောလိုက်သည်။ ခပ်ငေါ့ငေါ့အပြုံးဖြင့်ပင် ဆက်ပြောလိုက်သည်။

"ခင်ဗျားလိုပေါ့ မစ္စတာလုံ"

လုံကျွင်းယောင်က သူမကို အေးစက်စွာ စိုက်ကြည့်နေကာ သူ့မျက်နှာက မှုန်မှိုင်းလာသည်။

"မင်းတကယ် အရှက်မရှိတာပဲ"

သူ့နောက်ရှိ လူတွေကို လှုပ်ရှားဖို့ မျက်လုံးဖြင့် အချက်ပြလိုက်သည်။ ယဲ့ချင်းရန်ရဲ့ တုန့်ပြန်မှုက လျင်မြန်သည်။ သူမညာဘက်ရှိလူကို ချက်ချင်းရှောင်လိုက်ပြီး ပြင်းထန်သည့် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ လုံကျွင်းယောင်က သူနဲ့အတူ ဒါဇင်မကတဲ့လူတွေကို ခေါ်လာသည်။ တစ်ချို့တွေက အရမ်းကို ကျွမ်းကျင်ပြီး ပညာရှင်ပီသစေသည့် လေ့ကျင့်မှုမျိုးကို ခံယူထားကြတဲ့သူတွေဖြစ်သည်။ လမ်းဘေးက လူမိုက်အုပ်စုတောင် မယှဉ်နိုင်ပေ

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now