Chapter 65: She was Framed Again

8K 1.1K 60
                                    

UNICODE

စာသင်ခန်းအပြင်ရှိ လျှောက်လမ်းတွင် မုချင်းရွဲက ဟွာချီကို ကြည့်ပြီး ငိုတော့မည့်ပုံဖြစ်နေသည်။ "အခုလေးတင်.."

အခုလေးတင် သူမက ယဲ့ချင်းရန်အိတ်ထဲသို့ စာရွက်စာတမ်းကြေးတွေ ထည့်လိုက်တာ ဟွာချီတွေ့လိုက်သည်။

"မင်း ဘာလို့" ဟွာချီ ရပ်လိုက်၏။

"ငါ ဘာအမှားလုပ်လိုက်လဲဆိုတာ ငါသိပါတယ် ဒါပေမယ့်..." မုချင်းရွဲက တုန်ရီနေသည့်အသံဖြင့် ထိုစကားတွေကို ပြောလာသည်။ သူမခန္ဓာကိုယ်က အချိန်မရွေး မေ့လဲကျသွားမည့်အတိုင်းဖြစ်နေသည်။ သူမက သနားဖို့ကောင်းစွာ ငိုကြွေးနေသည်။

"ငါ့မှာ ရွေးစရာမရှိဘူး"

နူးညံ့ပြီး သနားဖို့ကောင်းသည့်မိန်းကလေးတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကနေ သူမကို ကာကွယ်ပေးချင်သည့်စိတ်ကို အမြဲ နိုးထစေသည်။ သူမကို အမြဲသဘောကျနေသည့် ယောကျာ်းတစ်ယောက်ဆိုလျှင်တော့ ဆိုဖွယ်ရာမရှိပေ။

အဲ့ခဏလေးအတွင်းမှာ ဟွာချီရဲ့နှလုံးသားက အရမ်းကို နူးညံ့သွားသည်။ အခု သူမကို ခေါ်ထုတ်လာမိတဲ့ သူ့ကိုယ်သူ အပြစ်တင်မိသွားသည်။

"ချင်းရွဲ မငိုနဲ့" သူဘာလုပ်ရမလဲဆိုတာ မသိလောက်အောင် ဟွာချီ အရမ်းထိတ်လန့်သွားသည်။ "ယဲ့ချင်းရန်က မင်းကို အနိုင်ကျင့်တယ်ဆိုတာ ငါသိတယ်.... ယုန်တောင် ချောင်ပိတ်မိရင် ကိုက်တတ်တာပဲလေ"

မုချင်းရွဲက မျက်လုံးတွေ ကျွတ်ထွက်မတတ်ငိုနေသည်။ "သူက ငါ့ကို အနိုင်ကျင့်ရုံတင်မကဘူး ငါ့အဖေကိုလည်း သူ့မိသားစုကပဲသတ်ပစ်လိုက်တာ... ယဲ့ချင်းရန်ရဲ့အဖေကြောင့်သာ မဟုတ်ရင် ငါ့အဖေက ငါနဲ့ငါ့အမေကို ထားခဲ့မှာမဟုတ်ဘူး...ငါ့မိသားစုကလည်း ဒီလိုဖြစ်လာမှာမဟုတ်ဘူး"

ဟွာချီက သွားကြိတ်ပြီး စိတ်တိုစွာ ကျိန်ဆဲတော့သည်။ "ယဲ့မိသားစုထဲမှာ လူကောင်းကို မရှိပါလား"

မုချင်းရွဲက ဝမ်းနည်းနေသည်။ "ဒါက မှားတယ်ဆိုတာ ငါသိတယ် ဒါပေမယ့် ယဲ့ချင်းရန်က အရမ်းဆိုးတာ... သူက ငါ့ကိုအနိုင်ကျင့်ပြီး အရှက်ခွဲရုံတင်မကဘူး ငါ့ကိုလည်း အကောက်ကြံတယ်... အပေါ်ယံမှာ အေးစက်စက်ဆက်ဆံပြီး နောက်ကွယ်ကျ ငါ့ကို အနှောင့်အယှက်ပေးတယ်....တစ်ခါတုန်းက ငါ့ကို ဖိအားပေးပြီး...ဖြစ်လုနီးပါး...."
(T/N တယ် ဒီဖော်လော်မော်ကတော့ စိတ်ရောဂါအထူးကုနဲ့ပြကြည့်ဦး)

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now