Chapter 185: Does Chu Yan Know?

8K 1.2K 47
                                    

UNICODE

ယဲ့ချင်းရန်က စိတ်ရှုပ်ခံပြီး တွေးမနေတော့ပေ။ လျန်ရှောင်းမှာ ဘာအကွက်ပဲရှိရှိ သူမကိုယ်သူမ ကာကွယ်ဖို့ ပြင်ဆင်ထားရမည်။

သူမခြေလက်ဆေးပြီး အိပ်ယာထဲဝင်ဖို့ လုပ်ချိန်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။

"ဝင်လာခဲ့ပါ"

သူမခွင့်ပြုချက်ရပြီးနောက် ယဲ့ချန်းဖုန်းက အထဲဝင်လာသည်။ "မင်း မအိပ်သေးဘူးဆိုတာ ငါသိတယ်"

ယဲ့ချင်းရန်က သန်းလိုက်သည်။ "ညီမအရမ်းအိပ်ချင်နေပြီ။ အိပ်တော့မှာ။ ဘာကိစ္စရှိလို့လဲ?"

ဒီနေ့မှ ပြန်ပြင်ထားသည့် အိပ်ခန်းကို ယဲ့ချန်းဖုန်းကြည့်လိုက်သည်။ သူက အံ့အားသင့်နေဟန် ဖော်ပြလာသည်။ "မင်းအခန်းကို ကောင်းကောင်းအလှဆင်ထားတာပဲ။ မင်းနဲ့ လိုက်တယ်"

ယဲ့ချင်းရန်က ခစ်ကနဲရယ်လိုက်ပြီး အပြုံးအတုတစ်ခုပေးလိုက်သည်။ "အစ်ကိုသုံးကြိုက်ရင် အစ်ကိုသုံးအခန်းကိုလည်း အဲ့လို အလှဆင်လိုက်လေ"

ဘယ်လိုအကြိုက်မျိုးတုန်း? အဖေနဲ့သားလိုက်ဖက်ပါပေတယ်

ယဲ့ချန်းဖုန်းက လက်ခါပြလိုက်သည်။ "ဘယ်လိုလုပ် ငါက အဲ့လိုလုပ်မှာလဲ? ငါက ယောကျာ်းလေးလေ ဘယ်လိုလုပ်ပြီး ငါ့အခန်းကို အဲ့လိုအလှဆင်ရမှာလဲ? ဒါပေမယ့် မင်းကတော့ မတူဘူးလေ။ မင်းကတော့ ဒီလိုလှပတဲ့အခန်းမှာ အိပ်မှ လိုက်ဖက်တာ"

ယဲ့ချင်းရန်က တစ်လုံးချင်းပြောလာသည်။ "ညီမ မကြိုက်ဘူး"

သူလည်း သူ့အဖေလိုပဲ။ အကြိုက်ကောင်းကောင်းကို မရှိဘူး။ ချီးကျူးစရာ ဘာမှကို မရှိဘူး။

ဟုတ်သား အရင်က မုချင်းရွဲ လှည့်ကွက်ထဲ ကျသွားသေးတာပဲ။ သူ့မှာ ခွေးမျက်လုံးတစ်စုံမရှိမှသာ ထူးဆန်းနေမည်။

ယဲ့ချန်းဖုန်းက ပဟေဠိဆန်ဆန်မေးလိုက်သည်။ "ဘာလို့ မကြိုက်တာလဲ? ဒီအလှဆင်ထားတာလေးက ကောင်းပါတယ်။ အိပ်ခန်းက အရမ်းသေးနေတယ်ဆိုရင် ငါ့အိပ်ခန်းနဲ့ လဲပေးမယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဖြစ်လေ ဘီဒိုအကြီးကြီးမှ ငါမလိုတာ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now