Chapter 108: Her Confidence and Calculation

7.8K 1.2K 52
                                    

UNICODE

မုချင်းရွဲ၏ အမူအရာက ထိတ်လန့်မှုကနေ ဒေါသထွက်မှုကို ပြောင်းသွားသည်။ မုန်းလွန်းလို့ သွားတောင်ကြိတ်မိသည်။ ထပ်ပြီးတော့ ယဲ့ချင်းရန်ပြန်ပဲလား။ အရမ်းစက်ဆုပ်ဖို့ကောင်းတာပဲ။

သူမက စိတ်တိုစွာပြောလာသည်။ "အဲဒါ ကျွန်မအမှားပဲ... ဒီနာက ယဲ့အုပ်စုကို tag တွဲကတည်းက နည်းနည်းလေးထူးဆန်းနေတယ်လို့ခံစားနေရတာ... ယဲ့ချင်းရန်က ကျွန်မတို့အတွက် တွင်းတူးထားရလောက်တဲ့အထိ ရက်စက်မယ်လို့ ကျွန်မ မထင်ထားဘူး"

လုံကျွင်းယောင်က သူမကို သူ့လက်အတွင်းဖက်ထားပြီး နှစ်သိမ့်ပေးနေသည်။

ဘေးတွင်ရပ်နေသည့် မုရုန်ယီချန်းက သူတို့နှစ်ယောက် အရမ်းကိုဖက်တွယ်နေတာမြင်တော့ မအီမသာခံစားနေရသည်။ မနေ့ညက သူ့အပေါ်မှာရှိနေတဲ့ ဒီမိန်းမက ဒီနေ့ကျတော့ သူ့သူငယ်ချင်းကောင်းရဲ့ ရင်ခွင်ထဲ ရောက်နေပြီ။ ဒါပေမယ့် ဒီမိန်းကလေးကို သူသိစဉ်ချိန်က သူမတွင် ရည်းစားရှိကြောင်းပြောခဲ့သည်။ အစကနေအဆုံးထိ သူတို့ကြားထဲတွင် အရောင်းအဝယ်တစ်ခုမျိုးသာ ရှိခဲ့သည်။

မုရုန်ယီချန်းက မတ်တပ်ရပ်လိုက်ကာ အကြောင်းရင်းတစ်ခုရှာပြီး ထွက်သွားလိုက်သည်။

မုချင်းရွဲက ဒါကိုမြင်တော့ သူမစိတ်ထဲတွင် စိတ်သက်သာရာရသွားသည်။ သူမနှင့် မုရုန်ယီချန်းကြားထဲတွင် အရောင်းအဝယ်မျိုးသာ ရှိသည်ဟု သူမကိုယ်သူမတွေးလိုက်သည်။ သူမအတွက်နှင့် မုရုန်ယီချန်းက လုံကျွင်းယောင်နှင့် အဆက်အဆံပျက်မှာ မဟုတ်ပေ။

ဗီလာ၌ဖြစ်သည်။

ပန်းရနံ့တွေနှင့် ရောထွေးနေသည့် နေရောင်ခြည်က ပြတင်းပေါက်ကနေတစ်ဆင့် ဧည့်ခန်းသို့ ကျရောက်နေသည်။

Mi ရန်ပုံငွေအကြောင်းရှာတွေ့ပြီးနောက် ဟဲစီကျိုးက ချူယန်နှင့်အတူ ညစာလာစားသည်။

ယဲ့ချင်းရန်ပြောတာကို သူနားထောင်နေပြီး ဘာပြောရမှန်းမသိဖြစ်နေသည်။ ယဲ့ချင်းရန်စကားပြောလို့ပြီးတော့ ဟဲစီကျိုး၏မျက်နှာတွင် ရှုပ်ထွေးမှု အရိပ်အယောင် ဖြတ်ပြေးသွားသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now