Chapter 134: She Doesn't Like Drinking

7.7K 1.2K 54
                                    

UNICODE

ချူယန်က ရိုးရှင်းစွာ ပြန်ဖြေလာသည်။ "အရေးပေါ်မဟုတ်ဘူး။ ဒီလောက်ကတော့ ယဲ့မိသားစုက ဖြေရှင်းနိုင်လိမ့်မယ်"

ဟဲစီကျိုးက ခေါင်းညိတ်လိုက်သည်။ "အမှန်ပဲ"

သူက ချူယန်ကို ကြည့်လိုက်ကာ ရုတ်တရက် နတ်ဆိုးဆန်ဆန် ရယ်လိုက်သည်။ "မင်းနေမကောင်းလို့ ဆေးရုံတတ်နေရတယ်ဆိုပြီး အဲ့ကလေးကို စာပို့ပေးရမလား? မင်း ကားမတော်တဆဖြစ်ပြီး သေမလို ဖြစ်နေတယ်လို့သာ ပြောလိုက်ရင် အဲ့ကလေး ချက်ချင်းကို ပြန်လာမှာ"

"အဲဒါဆို မင်းလည်း အသားတုံးဖြစ်ပြီ" ချူယန်က သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

"ငါက မင်းကို ကူညီတာလေ။ ကျေးဇူးမတင်လည်း ရပါတယ် ဒါပေမယ့် အဲ့လို ဆက်ဆံရလား။ မင်းက အေးစက်ပြီး နှလုံးသား မရှိတဲ့သူပဲ။  တစ်နေ့ မင်းက ငါတို့ကို ဆန့်ကျင်မယ်ဆိုတာ အဲ့ကလေးကို ငါ သတိပေးထားမှဖြစ်မယ်"

"အခုကစပြီး ငါမင်းအသံကို မကြားချင်ဘူး မဟုတ်ရင် အဲ့ဒါတွေကို မင်းဘာသာ တစ်ယောက်ထဲ လုပ်ရမယ်" ချူယန်ဆိုလိုသည်က အလုပ်ကို ဖြစ်သည်။

ဟဲစီကျိုးက အေးစက်စွာ နှာမှုတ်လိုက်သည်။ "မင်းက တကယ်ပျင်းဖို့ကောင်းတာပဲ... သူငယ်ချင်းလေးက မင်းကို ဘာများသဘောကျနေရတာလဲမသိဘူး"

ချူယန်က ပြန်ဖြေလာသည်။ "မင်းလိုမျိုး စိတ်ဝင်စားစရာကောင်းဖို့ ဖြစ်မယ့်အစား ငါ့ဘာသာ ပျင်းနေတာက ပိုကောင်းတယ်"

ဟဲစီကျိုးက ခပ်ပြတ်ပြတ်ပြောလိုက်သည်။ "ဒါဆို ဓာတ်ပုံပို့ဖို့ ငါ ကူရိုက်ပေးမယ်။ ယောကျာ်းတစ်ယောက်က အပြင်ကို တစ်ယောက်တည်းသွားချိန်ဆို အထီးကျန်တတ်တာ ဖြစ်နေကျပဲလေ။ သူ့ကို ဖြေဖျောက်ပေးဖို့ တစ်ယောက်တော့ လိုတယ်။ သူ့ကို ဖြေဖျောက်ပေးဖို့ သူကို မရှာနိုင်ဘူးဆိုရင် သူအရက်သောက်မယ်။ အရက်သောက်ပြီးတာနဲ့ ဖုန်းတွေခေါ်မယ် စာတွေပို့မယ်။ မဟုတ်ရင် ဘာလို့ သူက နောက်ကျတဲ့အထိနေမှာလဲ?"

(T/N: You know ဘာကို ဖြေဖျောက်တာလဲဆိုတာ ဟီး)

"မဟုတ်ဘူး"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now