Chapter 79- Her Jealous Brothers

8.6K 1.3K 42
                                    

UNICODE

ယဲ့ချန်းဖုန်း၊ စုန့်ယဲ့နှင့် တခြားနှစ်ယောက်တို့က ဆေးရုံတွင် ဆေးစစ်ဖို့ရောက်သွားပြီဖြစ်သည်။

ကံကောင်းစွာနှင့် ဒဏ်ရာတွေက ပြင်းထန်သည်ဟုထင်ရသော်လည်း ယောင်ကိုင်းပြီး နီရဲနေသည့်ဒဏ်ရာတွေက သွေးထွက်ရုံသာဖြစ်သည့်သာမန်အပေါ်ယံဒဏ်ရာတွေသာဖြစ်သည်။

လျန်ရှောင်းမှာ စည်းတော့ရှိသည်။ သူဒေါသကိုဖြေဖျောက်ချင်ပေမယ့်လည်း ကရူးမူးတိုးတော့ မလုပ်ပေ။ မဟုတ်ရင် ဒီသုံးယောက်က ဆေးရုံမှာ လအနည်းငယ်တော့ နေနေရလိမ့်မည်။

ဆေးရုံက ထွက်လာတော့ မှောင်နေပြီဖြစ်သည်။ စုန့်ယဲ့က ယဲ့ချင်းရန်ကို ကြည့်လိုက်ပြီး တောင်းပန်သည့်အသံဖြင့် ပြောလိုက်သည်။

"ဒီနေ့အတွက် ကျေးဇူးပဲ"

"ကျွန်တော့်ကိုအဲ့လောက်ယဉ်ကျေးနေဖို့မလိုပါဘူး"

သူမနှင့် စုန့်ယဲ့ လူချင်းဆုံဖူးတာ ယခုအကြိမ်က ပထမဆုံးဖြစ်သည်။

စုန့်ယဲ့တွင် ကြော့ရှင်းရည်မွန်သည့် အရောင်အဝါရှိသည်။ သူနှင့်စကားပြောဆက်ဆံကြည့်လျှင် ရှုပ်ထွေးဆူညံနေသည့် မြို့နှင့်ကွာခြားသည့် တိတ်ဆိတ်ငြိမ်သက်ခြင်းကို ခံစားရမှာဖြစ်သည်။

"ငါလည်း မင်းနဲ့ ယဉ်ကျေးတာမျိုးမဖြစ်ချင်ပါဘူး" စုန့်ယဲ့က ညင်သာစွာပြောရင်း ယဲ့ချင်းရန်၏ခေါင်းလေးကို ပွတ်သတ်လိုက်သည်။

ယဲ့ချင်းရန်လည်း သူ့ကို မငြင်းပယ်ပေ။ "ဒါပြီးသွားပြီဆိုတော့ ဗိုက်ဆာနေမှာပေါ့...တစ်ခုခု တူတူသွားစားရအောင်"

သူတို့ဘေးတွင်ရှိနေသည့် ယဲ့ချန်းဖုန်းက သူတို့နှစ်ယောက်ရဲ့ပြောဆိုမှုကို ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် မနာလိုမှုတွေ အားကျမှုတွေ ပြည့်နေသည်။

ယဲ့ချန်းရန်နှင့်စုန့်ယဲ့ရဲ့ ဆက်ဆံရေးကလည်း သူ့လောက် ကောင်းမွန်နေတာမျိုးလည်းမရှိပေ။ ဘာလို့များသူတို့က ညီအစ်ကိုကောင်းလို သရုပ်ဆောင်နေကြတာလဲ?

သူက သူ့ရဲ့အစ်ကိုသုံးလေ.... သူက ချဉ်စုတ်နေသည့်လေသံဖြင့် ပြောလာသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now