Chapter 130: She Already Knew She Was A Girl

7.5K 1.2K 102
                                    

UNICODE

ယဲ့ချင်းရန်က တိုက်ခိုက်လာမှုကို ခေါင်းကိုစောင်းပြီး ရှောင်လိုက်သည်။ ပြီးနောက် ကိုယ်ကို တစ်ပတ်လှည့်ပြီး ကန်ထည့်လိုက်သည်။ ထိုကန်ချက်က ပြန်ပေးသမားခေါင်းဆောင်ကို လွင့်ထွက်သွားစေသည်။ ပြန်ပေးသမားခေါင်းဆောင်က ကားနှင့်ဆောင့်မိပြီး အကျယ်ကြီးအော်တော့သည်။

သူတို့ရှေ့က နူးနူးညံ့ညံ့ယောကျာ်းကို သူတို့ မတိုက်နိုင်ကြောင်း သိသွားချိန်မှာတော့ မေ့နေသည့်အမျိုးသားကိုတောင် ဂရုမစိုက်အားတော့ဘဲ သူ့လူတွေနှင့်အတူ ဗင်ကားပေါ် လျင်မြန်စွာ တက်ပြီး တူတူထွက်သွားကြသည်။

ယဲ့ချင်းရန်က မြေကြီးပေါ် မေ့လဲနေသည့် အမျိုးသားနားတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမလက်ဖြင့် သူ့အသက်ရှူမှုကို စမ်းကြည့်လိုက်တော့ မေ့လဲသွားရုံဖြစ်ပြီး အဆင်ပြေနေသေးတာကို သိလိုက်ရသည်။

ချီရွှန်လည်း လျှောက်လာသည်။ သူမမျက်နှာလေးက ဖြူဖျော့နေကာ ချွေးအေးတွေ ထွက်နေသည်။ သူမက စိုးရိမ်တကြီးမေးလာ၏။

"သူအသက်ရှိသေးလား?"

"သူမေ့သွားရုံပါ အဆင်ပြေပါတယ်"

ထိုအချိန်မှာပဲ ရဲကားတစ်စီး၏ အချက်ပေးသံကို ကြားလိုက်ရကာ ရဲတွေရောက်လာသည်။ ချီရွှန်လည်း သက်မချသွားနိုင်ကာ စိုးရိမ်နေသည့် သူမ၏ကိုယ်နှင့် တင်းကြပ်နေသည့် နှလုံးသားက သက်သာရာရသွားသည်။ သူမတစ်ကိုယ်လုံး မောပန်းနေသလိုခံစားရကာ မြေကြီးပေါ်ထိုင်ချလိုက်သည်။

ယဲ့ချင်းရန်က သူမကို ထိန်းလိုက်ရင်း "ဘာဖြစ်တာလဲ?"

ချီရွှန်က သူမရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း မသက်မသာဖြင့် ပြောလာသည်။ "ရန်ရန် ငါ့နှလုံးထဲက နေလို့မကောင်းဘူး"

နှလုံးရောဂါရှင်တွေဟာ ကြမ်းတမ်းပြင်းထန်သည့် ခံစားချက်ဖြစ်ပေါ်လာမှုကို ရှောင်ရှားရသည်။ စောနက ဖြစ်ခဲ့သည့် မြင်ကွင်းက ချီရွှန်ကို လန့်သွားစေသောကြောင့် သူမနှလုံးသားက ပြင်းထန်သည့် တုန့်ပြန်မှု ပေးလာတာဖြစ်သည်။ ယဲ့ချင်းရန်က သူမကို နှစ်သိမ့်ပေးရင်း ကျောကို နှိပ်ပေးနေသည်။ "စိတ်သက်သာဖို့ ကြိုးစား... ငါ မင်းကို ချက်ချင်းဆေးရုံပို့ပေးမယ်နော်"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now