Chapter 52: She Seemed to Have Been Seduced

9.8K 1.3K 83
                                    

UNICODE
ချူယန်က ယဲ့ချင်းရန်ကို ထွက်သွားခိုင်းလိုက်သည်။ မီးဖိုချောင်ကို နည်းနည်း ပြန်ရှင်းလိုက်ပြီး ခေါက်ဆွဲနှစ်ပန်းကန်သာ လုပ်လိုက်တော့သည်။ ယဲ့ချင်းရန်လည်း ခေါက်ဆွဲကိုသာ အသားကုန်စားလိုက်ပြီး တစ်ပန်းကန်က ခဏလေးနှင့် ကုန်သွားသည်။

သူမ ဗိုက်မဝသေးပေ...တူကိုတောင် မကိုင်ရသေးသည့် ချူယန်ရဲ့ ခေါက်ဆွဲပန်းကန်ကို ကြည့်လိုက်သည်။ သူမက "အစ်ကို မစားသေးဘူးလားဟင်"

ချူယန်က လက်ဖြန့်ပြလိုက်သည်။ သူမကြိုက်သလိုသာ လုပ်ဆိုပြီး အချက်ပြလိုက်သည်။

"အဲဒါဆို ဟန်မဆောင်တော့ဘူးနော်" ယဲ့ချင်းရန်က ခေါက်ဆွဲအပြည့်နဲ့ ပန်းကန်လုံးကို လှမ်းဆွဲပြီး စားကာ ပြောနေသည်။

"အစ်ကို့ရဲ့ ဟင်းချက်လက်ရာက တကယ်ကိုကောင်းတာပဲ...ရိုးရိုးရှင်းရှင်း ခေါက်ဆွဲတစ်ပန်းကန်ကတောင် အရသာရှိလိုက်တာ အရမ်းပဲ"

ချူယန်က သူ့ရှေ့တွင်ထိုင်နေသည့် ယဲ့ချင်းရန်ကို စိုက်ကြည့်လိုက်၏။ ယဲ့ချင်းရန်က ဘာမှမဖြစ်သလို လုပ်ကာ ခေါက်ဆွဲစားဖို့သာ အာရုံစိုက်ထားသည်။

ချူယန်ရဲ့အကြည့်ကို ခံစားမိတော့ မျက်လုံးလှန်ကြည့်ရင်း အပြုံးဖြင့်မေးလိုက်သည်။

"အစ်ကို ကျွန်တော့်ကို ဟင်းဘယ်လိုချက်ရလဲဆိုတာ ဘာလို့ မသင်ပေးတာလဲ"

"အခုကစပြီး မီးဖိုချောင်ထဲ မင်းကို ထပ်ပြီးဝင်ခွင့်မပြုတော့ဘူး...မဟုတ်ရင် ငါ့ မီးဖိုချောင်ကို မင်းပေါက်ကွဲပစ်မှာသေချာတယ်"

ချူယန်က သူမရဲ့ တောင်းဆိုချက်ကို နောက်တစ်ကြိမ်တောင် မစဉ်းစားဘဲ ပယ်ချလိုက်သည်။

သူက စာရွက်စာတမ်းယူဖို့ပြန်လာတာဖြစ်ပြီး ခဏနေလျှင် ပြန်မှာဖြစ်သည်။ ယဲ့ချင်းရန်ကို ဘာမှမပြောတော့ဘဲ အပေါ်ထပ်သို့တက်သွားသည်။

သူပြန်ဆင်းလာတော့ ယဲ့ချင်းရန်က စားပြီးလို့ ပန်းကန်ဆေးနေပြီဖြစ်သည်။

အသံကျယ်တစ်ခုက ပြန်ထွက်တော့မည့် ချူယန်ကို အောင်မြင်စွာ တားလိုက်နိုင်သည်။ ပြန်လှဉ့်ပြီး ဝင်လာတော့ မီးဖိုချောင်ထဲတွင် ခေါင်းငုံ့ကာ ကိုးရိုးကားရားဖြင့် ပန်းကန်ဆေးနေတာကိုတွေ့လိုက်သည်။ ပန်းကန်နှစ်ချပ်က တစ်ခုနှင့်တစ်ခု ထိခိုက်မိနေသည်။ ပုံစံက ပန်းကန်ဆေးနေတာနဲ့ မတူဘဲ တိုက်ပွဲဝင်နေသလိုမျိုးနှင့် တူနေ၏

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now