Chapter 93: She Wants to Do It Her Way

7.8K 1.3K 44
                                    

UNICODE

ယဲ့ချင်းရန်က လင်းရှုအာကိုဖုန်းခေါ်လိုက်ပြီး သူမဘယ်လိုနေလဲဆိုတာမေးလိုက်သည်။ လင်းရှုအာက စိတ်ကြည်နေချိန်မို့လို့ ဘာမှမဖုံးကွယ်ဘဲ ဩစတေးလျအမျိုးသမီးအကြောင်းကို ပျော်ရွှင်စွာပြောပြလာသည်။

"ဒီနာကြောင့် အခုမားက Zephyr Society ရဲ့အသင်းဝင်ဖြစ်သွားပြီ"

ဒီနာက ဩစတေးလျမှအမျိုးသမီးဖြစ်သည်။ Zephyr Society က လူချမ်းသာအမျိုးသမီးတစ်ဖွဲ့က ဖွဲ့စည်းထားသည့်အဖွဲ့အစည်းဖြစ်သည်။ ဒီ Zephyr Society က ကျင်းမြို့တော်၏ လူချမ်းသာအမျိုးသမီးတွေရဲ့ ထိပ်တန်းအသိုင်းအဝိုင်းကို ကိုယ်စားပြုသည်။ လူချမ်းသာအမျိုးသမီးတွေ၏ ပင်မအဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့အစည်းက ပရဟိတပြုလုပ်သည့်ပွဲများ၊ လေလံပွဲများနှင့် လူမှုဖူလှုံရေးလှုပ်ရှားမှုများကို မကြာမကြာ ကျင်းပပြုလုပ်သည်။

နားထောင်လို့ကောင်းအောင် ပရဟိတပြုလုပ်သည်လို့အမည်တပ်ထားတာဖြစ်သည်။ တကယ့်တကယ်မှာတော့ လူချမ်းသာအမျိုးသမီးတွေက သူတို့ရဲ့ကြွယ်ဝမှုတွေကို ကြွားဝါသည့်နေရာ ဖြစ်သည်။

ဒီမတိုင်ခင်ကတော့ လင်းရှုအာက ထိုအဖွဲ့ထဲ အမြဲဝင်ချင်ခဲ့သည်။ သို့သော်လည်း လင်းရှုအာက သာမန်နောက်ခံအသိုင်းအဝိုင်းကနေလာတာဖြစ်သည်။ ထို့အပြင် သူမက ယဲ့ကျွင်း၏တတိယမြောက်ဇနီးဖြစ်သည်။ ပြီးတော့ ယဲ့ကျွင်း၏ ဒုတိယဇနီးက အင်အားကြီးသည့်မိသားစုကနေလာတာဖြစ်လို့ ထိုချမ်းသာသည့် အမျိုးသမီးတွေနှင့် ဆက်ဆံရေးကောင်းရှိသည်။ ထို့အတွက်ကြောင့် ထိုချမ်းသာကြွယ်ဝသည့်အမျိုးသမီးတွေက သူမကို အထင်သေးကြသည်။ လင်းရှုအာက ကျင်းမြို့တော်ရဲ့ ချမ်းသာသည့်အမျိုးသမီးတွေ၏ အသိုင်းအဝိုင်းထဲ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိပေ။ အဲဒါအတွက်ကြောင့်ပဲ လင်းရှုအာက အမြဲသိမ်ငယ်စိတ်ဝင်ရသည်။

ပြီးခဲ့သည့်ရက်အနည်းငယ်မှာ လင်းရှုအာရဲ့ သူငယ်ချင်းအသိုင်းအဝိုင်းကိုကြည့်ရုံနှင့် သူမက ထိုချမ်းသာသည့်အမျိုးသမီးတွေနှင့် ရင်းနှီးနေပြီဆိုတာ သိသာသည်။ ဒါတွေအကုန်လုံးက ဩစတေးလျအမျိုးသမီး ဒီနာကြောင့် ဖြစ်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now