Chapter 54: she met the host's mother for the first time

9K 1.3K 33
                                    

UNICODE

ယဲ့ချင်းရန်က ကားရပ်ထားတဲ့ဆီသို့ သွားလိုက်သည်။ ကားပြတင်းပေါက်က နိမ့်ကျသွားပြီး ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးတစ်ခုက ပေါ်ထွက်လာသည်။

လင်းရှို့အာ, မူလကိုယ်ပိုင်ရှင်ရဲ့ အမေဖြစ်သည်။ အသက် ၄၀ ကျော်ပြီဖြစ်သော်လည်း သူမကိုယ်သူမ ဂရုစိုက်လို့ အချိန်တွေရဲ့တိုက်စားမှုက မျက်နှာတွင် မရှိသေးတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးက ပိုပြီး အလှတိုးနေသယောင်ဖြစ်နေသည်။

သူမသာ ယဲ့ချင်းရန်နှင့် အပြင်တူတူသွားရင် မြင်တဲ့သူတိုင်းက အမေနဲ့သားလို့ ပြောမှာမဟုတ်ဘဲ မောင်နှမလို့ ပြောမှာ သေချာသည်။

ယဲ့ချင်းရန် ကားထဲသို့ဝင်လိုက်သည်နှင့် လင်းရှို့အာက သူမကို ဖက်ကာ စတင်ငိုကြွေးတော့သည်။

"ကလေး...မားကို သေအောင် ခြောက်နေတာလား... ကလေးကို သူများရိုက်လို့ ဆေးရုံသွားရတယ်လို့ သိတော့ မားအရမ်းလန့်သွားတာ"

ယဲ့ချင်းရန်ခမျာတစ်ကိုယ်လုံးတောင့်တင်းသွားသည်။ သူမက မူလကိုယ်ပိုင်ရှင်ရဲ့ အမေဖြစ်သော်ငြားလည်း ယဲ့ချင်းရန်အတွက်တော့ သူစိမ်းတစ်ယောက်သာသာပင်...

သူစိမ်းတစ်ယောက်ရဲ့ ဖက်တာခံရတဲ့ ယဲ့ချင်းရန်အတွက်တော့ အရမ်းကို သက်တောင့်သက်သာ မဖြစ်တာကြောင့် သူမကို ချက်ချင်းတွန်းဖယ်လိုက်သည်။

တွန်းဖယ်ခံလိုက်ရတဲ့ လင်းရှို့အာကတော့ စိုးရိမ်တကြီး ရှင်းပြလာတော့သည်။

"ကလေး...မားက ဖုန်းမကိုင်လို့ စိတ်ဆိုးနေတာလား? မားရဲ့ဖုန်းကို ပါးရဲ့ လက်ထောက်က သိမ်းသွားလို့... မားက မှတ်ဉာဏ်မကောင်းဘူးလေ အဲဒါကြောင့် ကလေးဖုန်းနံပါတ်ကို မမှတ်မိဘူး...ပြီးတော့ မင်း ပါးပါး ခြိမ်းခြောက်တာလည်း ခံရသေးတာ... ကလေးနဲ့ မဆက်သွယ်ရဘူး မဟုတ်ရင် ဆက်ဆံရေး ဖြတ်ပစ်မယ်ဆိုပြီးတော့"

မူလဇာတ်လမ်းဖြစ်တဲ့ "Winter Love" ထဲတွင် ယဲ့ကျွင်းက ၃ကြိမ် လက်ထပ်ခဲ့သည်။

သူ့ရဲ့ ပထမဇနီးက ကားမတော်တဆမှုတွင် သေဆုံးသွားပြီး ယဲ့မိသားစုရဲ့ အကြီးဆုံးသားဖြစ်သည့် ယဲ့ဟန်ကျီကျန်ခဲ့သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now