Chapter 33: Playing Hard To Get

9.4K 1.2K 29
                                    

ယဲ့ချင်းရန် စာမေးပွဲမှာ အခြေအနေဆိုးမယ်လို့ ချူယန်မယုံပေ... အခုချိန်မှာ ယဲ့ချင်းရန်က ဘယ်သူပင်ဖြစ်နေပါစေ ယခု ယဲ့ချင်းရန်ကို သူနားလည်သည်။ ယဲ့ချင်းရန်မှာ ယုံကြည်ချက်မရှိပါက ဟွာချီနဲ့ အလောင်းအစားကို သူလုပ်မည်မဟုတ်ပေ... ဒါကြောင့် ယဲ့ချင်းရန်ကို တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှမပြောပေ...

ချူယန်ကို စိုးရိမ်သောကရောက်နေတဲ့ပုံစံနဲ့ ကြည့်နေတဲ့ ယဲ့ချင်းရန် မျက်နှာလေးက ခါးသက်သည့်အသွင်ဖြစ်သွားသည်။ "အစ်ကို ကျွန်တော် စာမေးပွဲမှာ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး... ကျွန်တော့်ကို မနှစ်သိမ့်ပေးချင်ဘူးလားဟင်"

သူမဘေးတွင်ရှိသည့် ချူရုန်ရုန်က နားလည်တဲ့ ပုံစံလေးနဲ့ ပြောလာသည်။ "အစ်ကိုယန် ညီမ နှစ်သိမ့်ပေးမယ်လေ... အဆင်ပြေပါတယ် အဆင့်တွေက အရာအားလုံးမဟုတ်ပါဘူးနော်... ပြီးတော့ အစ်ကိုက ဉာဏ်ကောင်းပြီးသားပဲ... ပြန်လေ့ကျင့်တဲ့အချိန်က နည်းလို့ပါ... နောက်စာမေးပွဲရောက်ရင် ၁၀၀ ကိုထားလိုက်ဦး ပထမရမှာ ကျိန်းသေပဲ"

ယဲ့ချင်းရန်က ပီတိဖြစ်သွားသည်။ "ရုန်ရုန် မင်းလေးက တကယ်ကို နတ်သမီးလေးပဲ"

ချူရုန်ရုန်က ချက်ချင်းကို ရှက်ပြုံးပြုံးလိုက်သည်။ ချူယန်က ယဲ့ချင်းရန်ကို အဓိပ္ပါယ်အပြည့်နှင့် ကြည့်လိုက်ပြီး မပြောင်းလဲတဲ့ ပုံစံနဲ့ ပြောလိုက်သည်။ "မင်းရဲ့ လည်စေ့က အခုထိ မထွက်သေးဘူးလား ဒါဆို မင်းက ယောကျာ်းမဟုတ်ဘူးလား?"

ထိုရုတ်တရက်ထွက်လာသည့် စကားက ယဲ့ချင်းရန်ရဲ့ မျက်ဝန်းလေးကို ပြူးကျယ်သွားစေသည်။ ၃စက္ကန့်လောက် ကြောင်အနေပြီးမှ ခပ်မြူးမြူးပုံစံဖြင့် ပြန်ဖြေလိုက်သည်။ "ကျွန်တော်က ယောကျာ်းမဟုတ်ဘူးလို့ ရုတ်တရက်ကြီး ဘာလို့ ပြောရတာလဲ? ဆူဖို့လား ဒါမှမဟုတ် ဘာလုပ်ချင်လို့လဲဟင်?"

သူမသာ ယောကျာ်းအစစ်ဆိုရင်တော့ သေချာပေါက် ပေါက်ကွဲမှာဖြစ်သည်။

ချူရုန်ရုန်က နှုတ်ခမ်းစေ့လိုက်ပြီး ကူပြီး ပြောပေးတော့သည်။ "ကိုကြီး အစ်ကိုရန်က ယောကျာ်းအရမ်းဆန်ပါတယ်နော်"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now