Chapter 88: Her Special Story

8.3K 1.2K 31
                                    

UNICODE

ယဲ့ချင်းရန်က သူ့ကို ကြည့်လာ၏။ "ဟုတ်, အစ်ကို"

ချူယန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သာမန်ကာလျှံကာပြောလာသည်။ "ဘာမှမဟုတ်ဘူး Good Night"

ဘာလို့များ ဒီအေးစက်ပြီး အထက်စီးဆန်တတ်သည့် ယောကျာ်းက ဒီနေ့မှာ အရမ်းကို အထီးကျန်နေသည့်ပုံပေါ်နေလည်းဆိုတာ ယဲ့ချင်းရန် မသိပေ။ အဲဒါက သူမရဲ့နှလုံးသားကို နာကျင်စေသည်။

သူမ ခဏမှ တုံ့ဆိုင်းနေပြီးမှ သူ့ဘေးတွင် ထိုင်ချလိုက်သည်။ "အခု အစ်ကိုအိပ်မပျော်ဘူးဆိုရင် ကျွန်တော်ပုံပြင်တစ်ပုဒ်ပြောပြမယ်, အဆင်ပြေလား?"

ချူယန်က ခဏလောက် ကြောင်အသွားပြီးမှ ခေါင်းငြိမ့်လာသည်။

ယဲ့ချင်းရန်က ပြုံးလိုက်သည်။ သူမက မပြောခင်ခေတ္တမျှ စဉ်းစားနေသည်။ "အဲဒါဆို အရမ်းကို ထူးခြားတဲ့ပုံပြင် တစ်ပုဒ်ပြောပြမယ်... အဲ့ပုံပြင်ကို ကျွန်တော် မဂ္ဂဇင်းထဲမှာ ဖတ်ဖူးတာ"

ချူယန်က ပြောလာသည်။ "ဟုတ်ပြီ"

ယဲ့ချင်းရန်က ထိုပုံပြင်က နူးညံ့စွာ စတင်လာသည်။ "မိသားစုတစ်ခုရှိဖူးတယ်... သူတို့ရဲ့တည်ရှိမှုက ဒဏ္ဍာရီလာ ဘုရင်ဆောလမွန်ရဲ့ ရတနာတွေလိုပဲ...လူအများကြီးစိတ်ကူးယဉ်သလို တစ်ညထဲနှင့် ချမ်းသာလာတာမျိုးလို ဒဏ္ဍာရီဆန်တာ... ဒါပေမယ့်... ဒဏ္ဍာရီလည်း မဟုတ်ပြန်ဘူး... နှစ်ပေါင်းတစ်ရာကျော် တည်ရှိခဲ့တဲ့ မိသားစုတစ်ခုပါပဲ...အချိန်တွေကြာလာတော့ အဲ့မိသားစုမှာ ထူးချွန်ထက်မြက်တဲ့ မျိုးဆက်တွေရှားလာတယ်"

"အိုမင်းနေတဲ့ ခြ​င်္သေ့အိုကြီးလို အဲ့မိသားစုက အရွယ်ရောက်လာပြီး သန်မာတဲ့ ကျားတွေ ကျားသစ်တွေ ဝံပုလွေတွေရဲ့ သားကောင်ဖြစ်လာတယ်...ခြင်္သေ့အိုကြီးကို အမှောင်ထဲကနေ စောင့်ကြည့်နေပြီး သူ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် နှောင့်ယှက်ဖို့ ထွက်ထွက်လာကြတယ်...သူ့ကိုသတ်ဖို့ အကောင်းဆုံးအခွင့်အရေးကို စောင့်ပြီး သူ့နယ်မြေကို သိမ်းယူဖို့ပေါ့"

"သုံးနှစ်အရွယ်ပဲရှိသေးတဲ့ ကောင်မလေးက မိသားစုရဲ့မျှော်လင့်ချက်ဖြစ်လာတယ်... သူတို့က အဲ့ကောင်မလေးကို ခြင်္သေ့နေရာမှာ အစားထိုးပြီး သူတို့နယ်မြေကို ကာကွယ်ဖို့နဲ့ သူတို့ရဲ့တောက်ပတဲ့အချိန်တွေကို ပြန်ဦးဆောင်နိုင်ဖို့ မျှော်လင့်ခဲ့ကြတယ်"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now