Chapter 58: She and Chu Yuan Share the Same Birthday

8.9K 1.3K 62
                                    

UNICODE

ဟဲစီကျိုးရဲ့ စိတ်ထဲတွင်တော့ မုန်တိုင်း တိုက်နေပြီဖြစ်သည်။ သူမနဲ့ ချူယန်က နဂါးနန်းတော်ကို စောင့်ကြည့်ဖို့အတွက် အလုပ်တူတူလုပ်ပြီဆိုထဲက သူမက ဒီအချက်အလက်တွေကို သိနေတာက အံ့ဩစရာမဟုတ်ပေ။

ဒါပေမယ့် Polaris အောက်ရှိ လုပ်ကြံဖန်တီးထားသည့် အချက်အလက်တွေနှင့် ရန်ပုံငွေ အကောင့်တွေကိုပါ ရရှိတာကတော့..... ကျွမ်းကျင်ပညာရှင်တွေတောင် မြောက်များစွာသော စုံစမ်းစစ်ဆေးမှုတွေမရှိဘဲ ရှာဖွေနိုင်မည်မဟုတ်ပေ။

ချူယန်က နံပါတ်တွေနဲ့ အရမ်းကို အထိမခံဖြစ်တဲ့သူမဟုတ်ရင် မှတ်ဉာဏ်အရမ်းမကောင်းတဲ့သူမဟုတ်ရင် သူတို့က ဒီဟာကွက်ကို မြန်မြန်ရှာနိုင်မည်မဟုတ်ပေ။ ဒါပေမယ့် ချူယန်က ဉာဏ်ကြီးရှင်လေ။ သူရှာတွေ့တယ်ဆိုတာက အံံဩစရာမဟုတ်ဘူးလေ။ ပုံမှန်ငွေကြေးအခြေအနေမှာတောင် သူက ဒီအချက်အလက်တွေကို တစ်ချက်ကြည့်ရုံနဲ့ ဟာကွက်ကို ရှာတွေ့နိုင်သည်။

ဒါပေမယ့် ယဲ့ချင်းရန်က ၁၇ နှစ်ပဲရှိသေးတဲ့ ဆယ်ကျော်သက်လေ။ တကယ်ကြီးကို ချူယန်က သူ့ကို ကြိုပြီး ပြောထားတာတော့မဟုတ်ပါဘူးနော်။ ဟဲစီကျိုးက ချူယန်ကို ကြည့်လိုက်သည်။ ချူယန်လည်းပဲ အနည်းငယ် အံ့အားသင့်နေသည်။ ယဲ့ချင်းရန်က တော်တာကို သူသိသည်။ ဒါပေမယ့် အခုက သူထင်ထားတာထက် ပိုပြီး ထူးချွန်နေသည်။

သူမေးလိုက်သည်။ "ရန်ပုံငွေမှာ ပြဿနာရှိနေတယ်ဆိုတာကို မင်းဘယ်လိုလုပ် သတိထားမိသွားတာလဲ"

ယဲ့ချင်းရန်က သူမ မျက်လုံးတွေကို မှေးကျဉ်းကာ ပြုံးလိုက်သည်။ "ဒီတိုင်းလိုက်ကြည့်ရင်း တစ်ခုခု မှားနေတာ ခံစားမိသွားလို့... ဘာလို့လဲ? ပြဿနာရှိလို့လား?"

ချူယန်ရော ဟဲစီကျိုးပါ တိတ်ဆိတ်သွားသည်။ ဒီတိုင်းလိုက်ကြည့်ရုံနဲ့ ပြဿနာရှိတာကို ခံစားမိတယ်ပေါ့လေ။ မျက်လုံးတွေက သောက်ရမ်းကို ထက်လွန်းတာပဲ။

ဒီအကြောင်းအရာကို သူမ ဆက်မပြောချင်တာ သိသာသည်။ ဟဲစီကျိုးက ယဲ့ချင်းရန်ကို စိုက်ကြည့်ရင်း ဒီကိစ္စရဲ့ အရင်းအမြစ်ကို သူလိုချင်နေသည်။ ဒါပေမယ့် ချူယန်က သူ့ကို ခေါင်းခါပြလိုက်သည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now