Chapter 182: The Love From An Old Father (2)

8K 1.4K 163
                                    

UNICODE

"မင်းမှာ သမီးမရှိဘဲ ဘာကိစ္စနဲ့ သမီးနဲ့အဆင်ပြေအောင်ဘယ်လိုနေလဲဆိုတာ သိချင်ရတာလဲ?" မော့ရှောင်းရဲ့ အသံက ပိုပြီးတော့တောင် ကျယ်လာသည်။ "အပြင်မှာ တရားမဝင်သမီးရှိနေတယ်လို့တော့ ငါ့ကို မပြောနဲ့နော်" ယဲ့ကျွင်းရဲ့ နှုတ်ခမ်းထောင့်က တွန့်သွားသည်။ "ငါ့မှာ တရားမဝင်သမီးမရှိဘူးကွ"

မော့ရှောင်း: "ဒါဆို ဘာကိစ္စနဲ့ သမီးနဲ့ အဆင်ပြေအောင် ဘယ်လိုနေလဲဆိုတာ မေးရတာလဲ? မင်းမရှိရင်..."

သူ့စကား အဆုံးမသတ်ခင်မှာပဲ ယဲ့ကျွင်းက ဖုန်းချလိုက်သည်။

ဒီဖုန်းခေါ်ဆိုမှုကို လုပ်တာ သူရူးနေလို့ပဲနေမယ်လို့ ယဲ့ကျွင်းခံစားရသည်။

သူ့အငယ်လေးက အရမ်းကို ထူးချွန်တယ်။ အရင်က သူမက တုံးအချင်ယောင်ဆောင်နေတာ ဒါပေမယ့် မော့ရှောင်းမိသားစုက သူမကို ယှဉ်လို့မရအောင် အရမ်းထက်မြက်သည်။

မေးဖို့ အသုံးမလိုဘူး။

သူ့သမီးအတွက်တော့ သူ ဒီတိုင်း ချစ်မြတ်နိုးပေးရုံပဲ။

အငယ်လေးရဲ့ မုန့်ဖိုးကို သူ အမြဲကန့်သတ်ထားသည်။ နောက်ကျရင် သူမကို ပိုပေးရမယ်။

အန်.... မှန်သား အခုကစမယ်။

သူ့ဖုန်းကို ထုတ်ကာ WeChat ကိုဖွင့်လိုက်သည်။ အဖေအိုကြီးရဲ့ အချစ်ကို ဖော်ပြတဲ့အနေနဲ့ ပိုက်ဆံကို လွှဲပေးရမယ်။

ယဲ့ချင်းရန်က အိတ်ကို ထုတ်နေချိန်မှာ လင်းရှုအာက သူမဘေးတွင် ထိုင်ပြီး စိုးရိမ်တကြီးမေးနေသည်။ "အဲ့မှာ သမီးတကယ်သွားနေဖို့လား? အရမ်းကြီး မကောင်းဘူးမဟုတ်လား?"

"သမီးက အထုတ်ထုတ်ရုံတင်ပါ။ အဲ့မှာသွားနေဖို့မဟုတ်ဘူး"

သူမက ပြောရင်း လင်းရှုအာကို ကြည့်လိုက်သည်။ "အခု သမီးက မိန်းကလေးဖြစ်ပြီလေ။ တခြားလူရဲ့ အိမ်မှာ နေလို့မရဘူးလေ။ သူတို့က ပေးနေချင်ရဲ့လားဆိုတာ ကြည့်ရဦးမယ်"

"ဒါက အဲ့လူနဲ့ သမီးကြားထဲမှာ ဘာမှ မဖြစ်ဘူးမဟုတ်လား? သမီးက မိန်းကလေးဆိုတာ သူ မသိဘူးမဟုတ်လား?" လင်းရှုအာက စိုးရိမ်တကြီးမေးနေသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now