Chapter 121: She Has to Return The Favor

7.9K 1.2K 73
                                    

UNICODE

ယဲ့ချင်းရန်က အရမ်းကို အံ့အားသင့်သွားသည့်ပုံဖြစ်သွားကာ ရှုပ်ထွေးသွားဟန်ဖြင့် ပြောလိုက်သည်။ "စိတ်လျှော့ပါ စိတ်လျှော့ပါ ငါက ဒီတိုင်းပြောလိုက်တာ... မင်းက ပုံပို့တဲ့သူလို့ ငါလည်း မပြောရပါဘူး... အဲ့လောက်ကြီး စိတ်လှုပ်ရှားပြီး လန့်ဖို့မလိုပါဘူး... မင်း စိတ်အေးအေးထားလို့ရတယ်... မင်းနဲ့ တုန်ဖန်းယွီရဲ့ ဆက်ဆံရေးကိုလည်း ငါ ဥက္ကဌလုံကို မပြောပါဘူး... ဒီတိုင်း..."

မုချင်းရွဲ စိတ်တိုရလွန်းလို့ မျက်နှာတောင် အစိမ်းရောင်သို့ပြောင်းသွားသည်။

သူမနဲ့ တုန်ဖန်းယွီရဲ့ ဆက်ဆံရေးကို လုံကျွင်းယောင်ကို မပြောဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ အခုလေးတင် သူမ မပြောလိုက်ဘူးလား။

သူမရဲ့ နှုတ်ခမ်းတွေက တုန်ယီနေကာ စကားပြောဖို့ ပြင်လိုက်သည်။

သို့သော်လည်း ယဲ့ချင်းရန်က အပြုံးလေးဖြင့် ကြားဖြတ်ပြောလာသည်။ "ဒါပေမယ့် ငါက ကြင်နာတတ်တော့ မင်းကို သတိပေးလိုက်မယ်နော်... ဒီနေ့ ကျောင်းတူတူတက်တဲ့သူတွေက ငါ တစ်ယောက်တည်းမဟုတ်ဘူးနော်.. မင်းနဲ့ ဥက္ကဌလုံက တူတူ ငါ့မွေးနေ့ကို တက်တယ်ဆိုတာ မနက်ဖြန်ကျရင် တုန်ဖန်းယွီသိသွားလောက်ပြီ"

ယဲ့ချင်းရန်က ပြောရင်း လုံကျွင်းယောင်ကို ကြည့်ကာမေးလိုက်သည်။ "ဥက္ကဌလုံ ခင်ဗျားရော တုန်ဖန်းယွီက ဘယ်သူလဲဆိုတာ သိလား"

လုံကျွင်းယောင်ရဲ့ ကိုယ်တစ်ခုလုံးက အေးစက်သည့်အရောင်အဝါတွေဖြင့် လွှမ်းခြုံသွားသည်။ သူ ဘာမှမပြောပေမယ့် တုန်ဖန်းယွီက ဘယ်သူလဲဆိုတာ သူမသိဘူးလို့ မဆိုလိုပေ။

အဲ့တုန်းက မုချင်းရွဲကို တုန်ဖန်းယွီဆီက သူလုထားတာဖြစ်သည်။

မုချင်းရွဲက ယဲ့ချင်းရန်ကို စိုက်မကြည့်ခင် လုံကျွင်းယောင်ကို အပြစ်ရှိသည့် ဟန်ဖြင့် ကြည့်လိုက်သည်။ "ယဲ့ချင်းရန်"

ယဲ့ချင်းရန်က မျက်တောင်ခတ်လိုက်သည်။ "ငါ့ကို အရူးအမူးမကြည့်ပါနဲ့...ငါ အကြည့်မခံနိုင်ဘူး။ ဒါပေမယ့် ဥက္ကဌလုံက မင်းကို လက်ဆောင်အဖြစ် ငါ့ကို ပေးမယ်ဆိုရင်တော့လည်း ငါလက်ခံပါ့မယ်"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now