Chapter 68: Her Heavenly Dishes were so Awesome

8.6K 1.3K 42
                                    

UNICODE

ဆရာမက သူမရှေ့ရှိ ဟောပြောစင်ကို ပေတံဖြင့် ရိုက်ချလိုက်သည်။

"အကုန်လုံး ငြိမ်ငြိမ်နေကြပါ... ဘာလို့ အကျယ်အကျယ်တွေလုပ်နေတာလဲ? ပိုက်ဆံမပျောက်တာက ရပြီလေ... အိမ်စာဆက်လုပ်ကြပါ... စာမပြီးဘဲ ပြန်လို့မရဘူး"

ယဲ့ချင်းရန်က သူမလက်ကို မြှောက်လိုက်သည်။ "ဆရာမ ကျွန်တော် ခုံလဲချင်တယ်"

ဆရာမက ခဏလောက်တုံ့ဆိုင်းနေပြီးမှ ယဲ့ချင်းရန်ကို အဝေးမှာထိုင်သည့် တခြားကျောင်းသားတစ်ယောက်ရဲ့ခုံနှင့်ပေးလဲလိုက်သည်။

ရုံးခန်းထဲမှာ ကြားခဲ့တာကို မုချင်းရွဲက ပြန်စဉ်းစားရင်း ကျောင်းသားနှစ်ယောက်ကို ခုံလဲပေးနေသည့် ဆရာမကို အကဲခတ်နေသည်။ ဘေးကို ကြည့်မိတော့ သူမအတန်းဖော်တွေက သူမကို ရွံရှာအထင်သေးသည့်ပုံဖြင့် ကြည့်နေတာကို သတိထားမိလိုက်သည်။ ရေခဲပုံးထဲ သူမ ကျသွားသလိုခံစားလိုက်ရသည်။

အတန်းဖော်အများစုက သူမနှင့် ဆက်ဆံရေးကောင်းရှိသည်။ သင်္ချာဆရာမကလည်း သူမကို ကောင်းကောင်းမွန်မွန်ဆက်ဆံသည်။ ဒီနေ့ကစပြီး သူမနှင့် သူတို့က ဝေးကွာသွားတော့မည်ဆိုတာ ဖြစ်နိုင်မလား? ဒီအဖြစ်အပျက်က သူမကို စိတ်ရှုပ်စေပြီး ပျာယာခတ်သွားစေသည်။

နှုတ်ခမ်းကို ကိုက်ရင်း စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ အေးစက်ပြီး ခိုင်မာသည့် မျက်လုံးဖြင့် မတ်တပ်ရပ်က ဆရာမဆီ စာရွက်စာတမ်းကြေးပေးလိုက်သည်။

"သမီးတောင်းပန်ပါတယ် ပိုက်ဆံထားတဲ့နေရာကို သမီးမေ့သွားပြီး အတန်းဖောက်ကို စွပ်စွဲမိသွားပါတယ်... သမီးတောင်းပန်ပါတယ် ကတိကိုလည်း သေချာစောင့်ထိန်းပါတယ်... ဆရာမ သမီးကို ခဏလောက်ခွင့်ပြုပါဦး ပြန်လာခဲ့ပါမယ်"

ဆရာမကို ခွင့်တောင်းပြီး အတန်းထဲကနေသူမထွက်သွားသည်။ နာရီဝက်ကြာတော့ ဆံပင်အတိုနှင့်ပြန်ရောက်လာသည်။ ဆံပင်အတုစွပ်ထားတာဖြစ်နိုင်သည်။

ဆံပင်အတုကိုချွတ်ပြီးနောက် ယဲ့ချင်းရန်ကို ကတုံးဖြင့် တောင်းပန်လိုက်သည်။ "ငါ့ရဲ့စိတ်ရင်းနှင့် တောင်းပန်မှုကို ကျေးဇူးပြုပြီး လက်ခံပေးပါ ယဲ့ချင်းရန်"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now