Chapter 71: Her Worst Father in the History

8.5K 1.3K 33
                                    

UNICODE

ပထမထပ်ရှိ နားနေခန်းထဲ၌

ယဲ့ကျွင်းနှင့် မော့ရှောင်းတို့က စကားစမပြောခင်မှာ တစ်ယောက်ကိုတစ်ယောက်အကြာကြီး စိုက်ကြည့်နေကြသည်။

မော့ရှောင်းက ယဲ့ကျွင်းကို စိုက်ကြည့်ရင်း လက်သီးဆုပ်ထားသည့်ပုံမှာ အခုပဲ ရန်ထဖြစ်တော့မလိုလို

သူသတိပေးလိုက်သည်။ "မင်းကို ငါပြောမယ် ယဲ့ကျွင်း...မင်းတို့ယဲ့မိသားစုက ငါ့သမီးကို လိုချင်တယ်ပေါ့လေ... တံခါးမပြောနဲ့ ခွေးတိုးပေါက်ကနေတောင် ဝင်လို့မရဘူးမှတ်.... ပူးပေါင်းစာချုပ်ကို အခုချက်ချင်း ဖျက်ပစ်မှာကို မင်းယုံတယ်မဟုတ်လား"

ယဲ့ကျွင်းကတော့ ခြိမ်းခြောက်ခံရတယ်လို့တောင် မခံစားရပေ။

ခေါင်းကို ဆက်တိုက်ငြိမ့်ရင်း "ဟုတ်ပြီလေ... မြန်မြန်လေးသာလုပ်လိုက်.. စာချုပ်ဖျက်သိမ်းလိုက်ရင် ဒီပရောဂျက်က ငါ့အပိုင်ဖြစ်သွားပြီ... ဒီပရောဂျက်ကို လေလံဆွဲပြီးရင် ပိုက်ဆံမရဘူးလို့ ငါမယုံဘူး...ဖျက်သိမ်းလိုက်စမ်းပါ...မင်း ဖျက်သိမ်းမှာကို မစောင့်နိုင်တော့ဘူး"

မော့ရှောင်းက သွားကြိတ်လိုက်သည်။ "မင်း လူဆိုးကောင်... တစ်ချိန်လုံး ငါ့မိသားစုပိုက်ဆံတွေကိုပဲ စဉ်းစားနေတာလား... မင်းမရတော့ မင်းသားရဲ့ ရုပ်ရည်နဲ့လှည့်ဖျားဖို့လုပ်တယ်... ပြီးတော့ မင်းမိသားစုရဲ့အဆိုးဆုံးသားလေ...မင်း အိပ်မက်မက်နေတာပဲ"

ယဲ့မိသားစု၏သားလေးယောက်ထဲတွင် လေးယောက်မြောက်သားက အဆိုးဆုံးဖြစ်သည်။ သူ့ရဲ့အချိန်တွေကို သောက်စား ပျော်ပါးတာနှင့်ပဲ ကုန်ဆုံးသည်။ စာကိုသေချာလေ့လာရမယ့်အစား မိန်းကလေးတွေနဲ့ပဲ ကစားနေသည်။ သူသေရမယ်ဆိုရင်တောင် သူ့သမီး ဒီမီးပုံထဲ ခုန်ဆင်းမှာကို ရအောင် တားမည်ဖြစ်သည်။

သို့သော်ငြားလည်း....

ဘေးနားမှာရှိသည့် ယဲ့ချင်းရန်နှင့် မော့နိုင်နိုင်တို့ဆီ မော့ရှောင်း၏အကြည့်က ကျရောက်သွားသည်။ ယဲ့ချင်းရန်ကို ကြည့်နေသည့် သူ့သမီး၏အကြည့်များက အကြင်နာတွေပြည့်နေသည်။ ဟာသတောင်မဟုတ်ဘဲ သူ့ကို သူမတကယ်သဘောကျနေတာဖြစ်သည်။ သူမရဲ့အကြိုက်က ဆိုးဝါးလိုက်တာ...

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now