Chapter 120: Nobody Believes A Word She Says

7.5K 1.1K 29
                                    

UNICODE

လျိုလန်းဝေက သူ့ခေါင်းကို ပွတ်လိုက်မိသည်။ သူက ယဲ့ချင်းရန်ကို တကယ်ကူညီချင်တာဖြစ်သည်။ "ငါက မင်း မိန်းမ မဟုတ်ဘူးဆိုတာ အကုန်လုံးကို ပြောချင်ရုံပါ"

"မဟုတ်ဘူး ငါက မိန်းမပဲ" ယဲ့ချင်းရန်က ပြောလာသည်။

တစ်စုံတစ်ယောက် ထရယ်လိုက်သည့်အသံကိုကြားပြီးနောက် ခန်းမရှိ လူတိုင်းနီးပါး ရယ်ကြတော့သည်။

"Ha Ha Ha Ha!"

"He He He He!"

"Ha Ha Ha Ha Ha!"

"Haha Haha!"

သူတို့ပုံက ရယ်စရာအကောင်းဆုံးဟာသကို ကြားလိုက်ရသလိုမျိုး ဖြစ်နေကြသည်။

တစ်ချို့တွေဆို ရယ်ရလွန်းလို့ မျက်ရည်တွေပါထွက်လာသည်။ စားပွဲကို ထုပြီး အသားကုန်ရယ်နေတဲ့သူတွေတောင် ရှိသေးသည်။

လင်းရှုအာကတော့ ရိုလာကိုစတာစီးနေရသလိုပဲ ခံစားနေရသည်။ သူတို့မယုံတာ ကောင်းတာပေါ့။ ဒီကိစ္စပေါ်သွားပြီး ယဲ့ကျွင်းရဲ့ ဒေါသကို သူမ မခံနိုင်မှာကို တကယ်စိုးရိမ်မိတာဖြစ်သည်။

သူမကရယ်ရင်း ဆူလိုက်သည်။ "ကလေး မနောက်နေနဲ့တော့... မွေးနေ့ဖယောင်းတိုင်တွေကို မှုတ်ဦးမှာလား?"

သူမပြောပြီးသည်နှင့် ချက်ချင်း နောက်တစ်ယောက်က ယဲ့ချင်းရန်ကို စဆူတော့သည်။ "အိုက်ယိုး... ငါပြောပြမယ် ယဲ့ချင်းရန် သရုပ်မဆောင်မနေနဲ့တော့...ငါတို့က တူတူကြီးခဲ့တာပဲ မင်းက ငါတို့ထဲမှာ နှာဘူးအကျဆုံးပဲ... မင်းမျက်လုံးက အမြဲ မိန်းကလေးတွေရဲ့ ရင်ဘတ်မှာပဲ ရှိနေတာ... အခု မင်းက မိန်းမဆိုတာ ငါတို့ကို ပြောချင်တယ်ပေါ့...ဘယ်လိုလုပ်ပြောနိုင်တာလဲ?"

"ဟားဟားဟား အကုန်လုံးက မင်းကို နှာဘူးလို့မခေါ်ပါဘူးကွာ... ဒီပုံက Photoshop ထားတာ အကုန်လုံးသိနေပြီးပြီကို"

"ယဲ့ချင်းရန် မင်းသာ မိန်းမဆိုရင် ငါတော့ Bisexual ပဲ"

"ယဲ့ချင်းရန် မင်း လိင်ပြောင်းချင်လို့ အကုန်လုံးကို ကြိုသတိပေးနေတာလား?"

"ယဲ့ချင်းရန်က မိန်းကလေးတွေနဲ့ ကလူကျီစယ်ချင်လို့ မိန်းကလေးယောင်ဆောင်နေတယ်လို့ပဲ ထင်တယ်... အရင်တုန်းက မိန်းကလေးတွေကို ဒီလိုနည်းနဲ့ လိမ်ခဲ့တာလားဆိုတာ ငါ တကယ်သံသယဖြစ်မိပြီ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now