Chapter 81: She Had to Protect The Handsome Guy

8.4K 1.3K 101
                                    

UNICODE

ချူယန်က မျက်ခုံးပင့်လိုက်သည်။ "ပွတ်တောင် မပွတ်ကြည့်ရသေးဘဲ ငါမကြိုက်ဘူးလို့ မင်းဘယ်လိုလုပ်သိလဲ? ဘယ်သိနိုင်မလဲ... မင်းက ငါ့ကျောကို ပွတ်ပေးတဲ့အခါ ကြိုက်သွားနိုင်တာပဲလေ"

ယဲ့ချင်းရန် "..."

ချူယန်က ဆက်ပြောလာသည်။ "ငါတို့က ယောကျာ်းတွေပဲလို့ မင်းမပြောခဲ့ဘူးလား? ရေချိုးအိမ်ကို သွားပြီး ကျောကို ပွတ်ပေးကြတာ ယောကျာ်းတွေအတွက် အရမ်းကို ပုံမှန်ပဲလေ"

ယဲ့ချင်းရန် "..."

တစ်ယောက်ကျော တစ်ယောက်ပွတ်ပေးတာက ကိစ္စမရှိဘူးလေ။ ဒါပေမယ့် ရေချိုးအိမ်ထဲမှာ ယောကျာ်းတွေအကုန်က အပေါ်ရှပ်မပါကြဘူးကို... အဲ့လိုကနေ သူမ သင်ယူနိုင်မယ်လို့ မထင်ဘူး။

ယဲ့ချင်းရန်က ပြုံးရင်း ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "ဒါပေါ့...အားတဲ့အခါတွေမှာ ယောကျာ်းတွေက ရေချိုးအိမ်ကိုတူတူသွားကြတာ ပုံမှန်ပဲလေ ဒါပေမယ့် ဒီနေ့ကျ ကျွန်တော် အရမ်းပင်ပန်းနေပြီ... ဒီနေ့ဘာဖြစ်သွားလဲဆိုတာ အစ်ကိုမသိလို့... အစ်ကို ကျွန်တော်ပြောပြမယ်... ဒီနေ့ အစ်ကို့ကိုတောင် ပြန်လာပြီး မတွေ့နိုင်တော့မယ့်အနေအထား ဖြစ်သွားတာ...ကံကောင်းလို့ အချိန်ကိုက် ဟဲစီကျိုး ပေါ်လာလို့"

သူမရဲ့ ချဲ့ကားပြီး သရုပ်ဆောင်နေပုံကို သူမြင်တော့ ချူယန်ရဲ့မျက်ဝန်းထဲက အပြုံးတွေမှာ ပိုပြီး နက်ရှိုင်းလာ၏။ ယဲ့ချင်းရန်က တမင်သက်သက် စကားလမ်းကြောင်းလွှဲတယ်ဆိုတာ ဘယ်လိုလုပ်ပြီး သူက မသိရမှာလဲ?

ပထမကတော့ သူက ယဲ့ချင်းရန်ကို စချင်ရုံသာဖြစ်သည်။ အခုမှ ယဲ့ချင်းရန်က ဟဲစီကျိုးနဲ့ တူတူပြန်လာတာလဲဆိုတာ သိချင်သွားသည်။ သူမဖြစ်ချင်သည့်အတိုင်း သူမစကားနောက်သာ အလိုက်သင့်လိုက်ပြီး မေးလိုက်၏။

"ဘာဖြစ်လို့လဲ"

"ဒီနေ့ကျွန်တော် ယဲ့မိသားစုအိမ်ကို ပြန်တော့ ဒုတိယအစ်ကိုဆီက ဖုန်းဝင်လာတယ်"

ယဲ့ချင်းရန်က တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး အခြေအနေကို ရှင်းပြလိုက်သည်။ ပြီးနောက် သူမရင်ဘတ်ကို သူမပုတ်လိုက်ပြီး ကြောက်နေသည့်ဟန်ဖြင့် မေးလိုက်သည်။ "ကြောက်ဖို့ကောင်းတယ်လို့ မတွေးမိဘူးလား"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now