Chapter 46: She Kept a Gigolo

8.7K 1.3K 52
                                    

UNICODE

တစ်စုံတစ်ယောက်က ကျောင်း Website တွင် အမည်မသိပို့စ်တစ်ခုကို တင်လိုက်သည်။

ထိတ်လန့်စရာသတင်း! အပျော်အပါးပဲလိုက်စားတတ်တဲ့ သခင်လေးက ဂေးဖြစ်နေမယ်ဆိုတာ မင်းတို့မထင်ထားကြဘူးမဟုတ်လား...ကောင်မလေး ၄ယောက်ကို Cover ထားပြီးတော့ သူ့အချစ်စစ်ကိုတော့ Villa ထဲမှာ သိမ်းထားတယ်

ထိုပို့စ်နဲ့အတူ ပုံတစ်ပုံပါတွဲတင်ထားသည်။ ပုံထဲတွင် ယောကျာ်းနှစ်ယောက်က အိမ်ထဲကနေ အတူတူထွက်လာကြသည်။ နှစ်ယောက်လုံးရဲ့ မျက်နှာကို ဝါးထားသော်လည်း ယဲ့ချင်းရန်ကို သိသည့် မည်သူမဆို အကြည့်တစ်ချက်နဲ့တင် ယဲ့ချင်းရန်ဆိုတာ သိနိုင်သည်။

ထပ်ပေါင်းအနေနဲ့ ရည်းစားလေးယောက်ရှိတဲ့သူဆိုပြီး ရေးထားသည်မှာ သိသာသည့် အရိပ်အမြွက်ဖြစ်သည်။

ခန့်မှန်းစရာမလိုလောက်အောင်ကို အပျော်အပါးလိုက်စားသည့် သခင်လေးက ဂေးဆိုသည်မှာ ယဲ့ချင်းရန်ကို ပြောတာပဲဖြစ်သည်။

ပထမဆုံး Comment ကနေစပြီး Reply တွေအကုန်က သိသာလွန်းသည့် မှတ်ချက်တွေဖြစ်နေသည်။

{အစစ်လား အတုလား? အတုဆိုရင်တော့ ထားလိုက်တော့...တကယ်ကြီးသာဆိုရင်တော့ ကြောက်ဖို့ကောင်းလိုက်တာ}

{အသုံးမကျတဲ့ မြက်က ဂေးနဲ့တူနေတာသိသာပေမယ့် အခုတော့အစစ်နဲ့တူပါတယ်...သူ့ကောင်မလေးတွေအတွက်ကတော့ စိတ်မချမ်းမြေ့စရာပဲ}

(T/N : ကျောင်းမှာ အလှဆုံးမိန်းကလေးကိုက ကျောင်းအလှပန်းလေးလို့ခေါ်ပြီး အချောဆုံး ကောင်လေးတွေကိုက ကျောင်းမြက်ခင်းစိမ်းလို့ ခေါ်ပါတယ်တဲ့)

{လခွမ်း...ဘာလို့လဲမသိပေမယ့် ဒီမြင်ကွင်းက အရမ်းလှတာပဲ... မျှော်လင့်ထားသလိုပဲ မိန်းမနဲ့ယောကျာ်းတွေက ရှေ့က ဘိုးဘေးဘီဘင်တွေကနေ ဆင်းသက်လာတဲ့အချစ်ဆိုပေမယ့် ယောကျာ်းတွေကတော့ အချစ်စစ်ပါပဲ}

{အပေါ်ကလူတွေရဲ့အမြင်ကတော့ အရမ်းကို မှားနေပြီ... အနာဂတ်မှာ ဂေးအဖိုးကြီးရဲ့ဖောက်ပြန်တာကို ခံရစေဖို့ ဆုတောင်းပေးနေပါတယ်နော်}

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now