Chapter 160: Her Long Lost Job

6.7K 1.1K 34
                                    

UNICODE

ဟွာရုန်ထွက်သွားပြီးနောက် ယဲ့ချင်းရန်က ခုံပြန်လှည့်လိုက်ကာ သူမရှေ့ရှိ ကွန်ပျူတာစခရင်ပေါ်တွင်ပေါ်နေသည့် အနီနဲ့အစိမ်းရောင် စတော့ဇယားကွက်ကို ကြည့်လိုက်သည်။ သူမ လက်ဆန့်ထုတ်ပြီး ဟွာရုန်ပေးလာသည့် အချက်အလက်တွေကို ယူကြည့်လိုက်သည်။
သူမဖတ်ပြီးနောက် စတော့ဇယားကွက်ကိုလည်း မကြာမကြာကြည့်နေသည်။

သူမ ဒီလိုဘဝမျိုး မနေရတာ တော်တော်ကြာပြီဖြစ်သည်။ ရင်းနှီးပေမယ့် စိမ်းသပ်နေကာ အနည်းငယ် ပျင်းရိမှုလည်းဖြစ်နေသည်။

သူမက လျင်မြန်စွာပဲ စစ်ဆေးမှုစာရွက်စာတမ်းတွေကို ဖတ်ပြီး စားပွဲပေါ်တင်လိုက်သည်။ ပျင်းလိုက်တာ။ စားပွဲပေါ်ရှိ ယဲ့ဟန်ကျီနှင့် သူ့ရဲ့မိခင်အရင်းရဲ့ ဓာတ်ပုံကို သူမစိုက်ကြည့်နေသည်။

ယဲ့မိသားစုက ကလေးတွေအကုန်က သူတို့ရဲ့အမေတွေနှင့် တူပုံရသည်။ တစ်ယောက်မှ ယဲ့ကျွင်းနှင့် မတူကြပေ။

တံခါးခေါက်သံတစ်ခုထွက်လာသည်။ ဟွာရုန်ဖြစ်၏။ သူမက တံခါးတွန်းဖွင့်ဝင်လာကာ စာရွက်စာတမ်းအသစ်တွေဖြင့် ဝင်လာသည်။

ယဲ့ချင်းရန်က စားပွဲပေါ် ပျင်းရိစွာ လှဲနေတာကို သူမမြင်လိုက်တော့ ဟွာရုန်ရဲ့ မျက်ဝန်းထဲမှာ စိတ်ပျက်မှု တစ်စွန်းတစ်စ ဖြတ်ပြေးသွားသည်။ ပြီးနောက် သူမကိုယ်သူမ ပြန်နှစ်သိမ့်လိုက်သည်။ ဒါလည်းကောင်းတာပဲ။

သူပြဿနာမရှာသရွေ့ပေါ့။

ဟွာရုန်က စက်ရုပ်ဆန်ဆန်ပြုံးကာ သူမလက်ထဲရှိ စာရွက်စာတမ်းတွေကို စားပွဲပေါ်တင်လိုက်သည်။ "ဒါ အခုလက်ရှိ လုပ်နေတဲ့ ပရောဂျက်တွေရဲ့ စိစစ်မှုအချက်အလက်တွေပါ"

ယခုတစ်ကြိမ်မှာတော့ သူမက ယဲ့ချင်းရန်ပြန်ဖြေတာကိုတောင် မစောင့်တော့ဘဲ ချပြီးတာနှင့် ထွက်သွားလိုက်သည်။

သူမရဲ့ ကိုယ်ပိုင် လက်ထောက်နေရာလေးမှာ ထိုင်ရင်း သက်ပြင်းချလိုက်သည်။

ငါ ဘာလုပ်သင့်လဲ? ငါဘာလုပ်သင့်လဲ? ငါ ဘာလုပ်သင့်လဲ?

ဒါရိုက်တာယဲ့က ဘယ်ချိန်မှ ပြန်လာမှာလဲ? ဌာနရှိ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကြည့်လိုက်ချိန်မှာတော့ အကုန်လုံးက စိုးရိမ်နေကာ ကြီးမားသည့် အန္တရာယ်လာတော့မလိုဖြစ်နေပုံတွေဖြစ်နေကြသည်။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now