Chapter 157: She Needs to Break the Engagement

7.4K 1.1K 20
                                    

UNICODE

သူတို့သုံးယောက် ဒီဇိုင်းအကြောင်းပြောပြီး နေ့လည်စာအတူစားပြီးနောက်မှာတော့ စုန့်ယဲ့က ရိုက်ကွင်းကို ပြန်ပြီး ယဲ့ချင်းရန်နှင့် ကျီရှားကတော့ အိမ်ပြန်သွားကြသည်။

အိမ်အပြန်လမ်းတွင် ယဲ့ချင်းရန်က ကျီရှားကို စနောက်သည့် အကြည့်ဖြင့် ကြည့်ကာ သူမအပြုံးတွင်လည်း ကျီစယ်သည့်အရိပ်အယောင် ပါနေသည်။ "ငါ့ ဒုတိယအစ်ကိုက အရမ်းကို မြင့်တယ် မဟုတ်လား? မင်း သူ့ကိုသဘောကျကျရင် မြန်မြန်လှုပ်ရှား။ မဟုတ်ရင် တခြားလူ နောက် ပါသွားမယ်"

အစခံလိုက်ရသည့် ကျီရှားရဲ့ မျက်နှာက အနီရောင်သန်းသွားသည်။ "ငါ သူ့ကို သဘောကျတယ်လို့ နင် ဘယ်လိုလုပ်ပြောနိုင်တာလဲ?"

"မင်းတို့နှစ်ယောက် အရင်ကဆုံဖူးသလားလို့ မင်း မပြောခဲ့ဘူးလား? ဒါက ယောကျာ်းလေးတွေ မိန်းကလေးနောက် လိုက်တဲ့အခါ သုံးတဲ့ အကွက်တွေ။ အရမ်းကို ရှေးကျတဲ့အကွက်ပေါ့ ဒါပေမယ့် မိန်းကလေးတစ်ယောက်က သုံးချိန်မှာတော့ အရမ်းကို လတ်ဆတ်ပြီး ထူးခြားသွားရော"

ကျီရှားက လက်ခါရမ်းပြရင်း အလေးအနက် ရှင်းပြလိုက်သည်။ "လှည့်ကွက်မဟုတ်ဘူး။ နင့်ရဲ့ ဒုတိယအစ်ကိုကို ငါ အရင်က ဆုံဖူးတယ်ဆိုပြီး တကယ်ခံစားနေရတာ။ TV စီးရီးထဲမှာမဟုတ်ဘဲ တစ်နေရာရာမှာကို ဆုံဖူးတာ။ ဘယ်နေရာမှာဆုံဖူးလဲဆိုတာကိုပဲ မမှတ်မိနေတာ"

ယဲ့ချင်းရန်က သာမန်ကာလျှံကာသာ ပြန်ဖြေလိုက်သည်။ "ဟုတ်ပါပြီ"

မူရင်းဇာတ်ကြောင်းကို သူမ စိတ်ထဲ ပြန်စဉ်းစားမိနေသည်။

မူရင်းဇာတ်ကြောင်းထဲတွင် ကျီရှားနှင့် စုန့်ယဲ့တို့ရဲ့ အခန်းက အနည်းငယ်သာပါသည်။ ကျီရှားသဘောကျသည့်သူက တုန်ဖန်းယွီဖြစ်သည်။ အဆုံးမှာတော့ သူ့ကြောင့် သူမမျက်နှာပျက်ဆီးသွားရသည်။

စုန့်ယဲ့ကတော့ သူမှာ သူငယ်ချင်းရှိလား သူသဘောကျတဲ့ မိန်းကလေးရှိလားဆိုတာ သူမလည်း မပြောပြတတ်ပေ။

တစ်ချိန်တည်း သူတို့နှစ်ဦးဆုံသည့် ဇာတ်ကြောင်းက မရှိခဲ့သောကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် သိကြလားဆိုတာ ပြောဖို့ မဖြစ်နိုင်ပေ။

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now