Chapter 86: Was She Ill?

8.4K 1.3K 40
                                    

UNICODE

ယဲ့ချင်းရန်ရဲ့မျက်လုံးအစုံမှာ အရောင်လက်သွားသည်။ သူမသာ ဒီနေရာကိုရခဲ့ရင် သူမ ကျောင်းမလာရင်တောင် ကျောင်းကရော ယဲ့မိသားစုကပါ ပြောဆိုနေမည်မဟုတ်တော့ပေ။ ယဲ့ချင်းရန်က ခေါင်းငြိမ့်လိုက်ပြီး သူမ ကြိုးစားပါမည်လို့ ပြောလိုက်သည်။ ပြီးနောက် ဆရာမဆီက လေ့ကျင့်ခန်းစာအုပ်တွေကို ယူလိုက်သည်။ နေ့တိုင်းလိုလို ဒီလေ့ကျင့်ခန်းတွေကိုသာ ကြိုးစားပန်းစားလုပ်နေပေမယ့် မပြီးသေးပေ။

ပြီးခဲ့တဲ့ရက်အနည်းငယ်ကတော့ ဇာတ်လိုက်မရော ဇာတ်လိုက်တွေကိုရော မတွေ့ရလို့ အရမ်းကို ငြိမ်းချမ်းနေသည်။

ဇာတ်လိုက်မ မုချင်းရွဲက အနုပညာလောကထဲသို့ တရားဝင် ဝင်ရောက်သွားပြီဖြစ်လို့ ရက်အနည်းငယ်လောက် ကျောင်းမှာမရှိနေဘူးဖြစ်နေသည်။ နေ့ရက်တိုင်းကို အင်တာနက်ရဲ့ ရေပန်းအစားဆုံးအကြောင်းအရာများထဲတွင် သူမပါဝင်နေသည်။

သူမက အရမ်းကို နာမည်ကြီးနေသည်။ ရက်အနည်းငယ်လောက်နဲ့ သူမကသာမန်မိန်းကလေးကနေ အနုပညာလောကထဲက နမည်ကြီး တက်သစ်စတစ်ယောက်အဖြစ်သို့ ပြောင်းသွားသည်။

မပြည့်စုံနေတဲ့ တစ်ခုထဲသောအရာကတော့ ချူရုန်ရုန်ကလည်း ကျောင်းမလာသလို ကျီရှားကလည်း ပြည်ပသို့ ခရီးထွက်နေတာဖြစ်သည်။

ချူယန်ကလည်း ပြန်မလာတာ ရက်အနည်းငယ်ခန့်ရှိပြီဖြစ်သည်။ တစ်ယောက်တည်း ပျင်းလွန်းလို့ ယဲ့မိသားစုအိမ်သို့ ပြန်သွားသည်။ ထိုနေရာတွင် သူမ တစ်ည နေပြီး ယဲ့ကျွင်းက သူမအိမ်စာတွေကို စစ်ဖို့ တောင်းလာသည်။

ယဲ့ချင်းရန်က တောင့်တင်းသွားပြီး ပြန်မဖြေဘဲ နေနေသည်။ ဒီလိုအခြေအနေမျိုးနဲ့ သူမ ကြုံခဲ့ရတာက မူလတန်းကျောင်းသူအရွယ်တုန်းကဖြစ်သည်။

ယဲ့ကျွင်းက ဂုဏ်ယူစွာဖြင့် ပြောလာသည်။ "ငါတို့မြို့မှာ ငါက သိပ္ပံဘာသာတွဲမှာ အမှတ်အမြင့်ဆုံးပဲ... မင်းမဖြေရှင်းတတ်တဲ့ သင်္ချာမေးခွန်းတွေကို ငါ့ကို မေးလို့ရတယ်"

ယဲ့ချင်းရန်က ဆရာမကိုယ်တိုင်လုပ်ထားပေးတဲ့ လေ့ကျင့်ခန်းစာအုပ်ကို ထုတ်လိုက်ပြီး အခက်ခဲဆုံးပုစ္ဆာကို ညွှန်ပြလိုက်သည်။ "ဒါကို ဘယ်လိုလုပ်ရမလဲ ကျွန်တော်မသိဘူး... ကျွန်တော်ကို ပြောပြ"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now