Chapter 116: She's Really Floating Now

7.9K 1.2K 52
                                    

UNICODE

ယဲ့ချင်းရန်က အီမိုဂျီတစ်သီတစ်တန်းကြီး ပို့လိုက်သည်။ ရယ်တာ၊ ဟွန်းတီးတာ၊ ကားမောင်းတာ...

သူ့ဘာသာ ကြည့်ပြီး စဉ်းစားပလေ့စေ။

...

အဆုံးမှာတော့ သူမ စာတစ်စောင်ပို့လိုက်သည်။: [ အစ်ကို မဟုတ်တာတွေတွေးနေတာလား? ကျွန်တော်ပြောတဲ့ အရွယ်ရောက်တဲ့သူတွေပဲ လုပ်လို့ရတဲ့ကိစ္စဆိုတာ ကားမောင်းလိုင်စင်ဖြေတာကို ပြောတာ...ဟားဟားဟား ]

ချူယန်က ပြန်ဖြေလာသည်။: [ မင်း ဟာသတွေကလည်း ညံ့လိုက်တာ ]

ပြီးနောက်မှတော့ သူမကို သူ လျစ်လျူရှုလိုက်သည်။ ယဲ့ချင်းရန်က အိပ်ယာပေါ်တွင် လှိမ့်ရင်း တော်တော်ကြာသည်အထိ ရယ်နေသည်။ သူမ အခုရီတီတီဖြစ်နေပြီ။ သူမက ချူယန်ကို ဒီလိုတောင် စနောက်ရဲနေပြီဖြစ်သည်။

သူမက ယောကျာ်းလေးမဟုတ်ဘဲ မိန်းကလေးဆိုတာ ချူယန်ကို ပြောပြလိုက်ရင် ချူယန်ရဲ့ အမူအရာ ဘယ်လိုဖြစ်သွားမလဲ?

****

ပွဲနေ့မတိုင်ခင်တစ်ရက်အလိုတွင် ကျီရှားကိုယ်တိုင် သူမဝတ်မည့် Suit ကို ယဲ့မိသားစုထံလာပို့သည်။

ပွဲနေ့တွင် ယဲ့ချင်းရန်က အနက်ရောင်တွင် စိန်ဖြင့် အလှဆင်ထားသည့် Suit ကို ဝတ်ထားသည်။ ကိုယ်တိုင်းချုပ်ထားသည့် Suit က သူမကိုယ်ပေါ်တွင် ပိုပြီး ခန့်ညားသွားစေသည်။ ငယ်ရွက်ပြီး မရင့်ကျက်သေးဟန်ပေါ်သော်လည်း သူမရဲ့ တည်ငြိမ်သည့် ကိုယ်ရောင်ကိုယ်ဝါကိုတော့ ထိန်းညှိထားပေးသည်။

ဆံပင်တွေကို နောက်ပြန်ဖြီးထားသည်က သူမရဲ့ လှပသည့် နဖူးကို ပေါ်လွင်စေသလို သူမရဲ့ ဖီးနစ်မျက်ဝန်းနက်တစ်စုံကလည်း ပိုပြီး ကြည်လင်နေစေသည်။ တည်ငြိမ်ပြီး ခန့်ညားနေ၏။

ယဲ့ကျွင်းက သူမကိုကြည့်လိုက်ပြီး ကျေနပ်သည့်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။

သူက ယဲ့ချင်းရန်ပုခုံးကို ပုတ်လိုက်ပြီးပြောလာသည်။ "ဒီနေ့က စပြီး မင်း လူကြီးဖြစ်ပြီ။ အခုကစပြီးတော့ ဘာပဲလုပ်လုပ် မလုပ်ခင်ကို နှစ်ကြိမ်ပြန်စဉ်းစားရမယ်"

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now