Chapter 41: She was so embarrassed

9.4K 1.4K 43
                                    

UNICODE

သူမ တစ်ဖက်သက်သဘောကျတဲ့သူနဲ့ တိုက်မိသွားတာ ဘယ်လိုလုပ်သင့်လဲ

ပိုင်ပေပေကတော့ အခုချိန်ခဏလေးမှာ အရမ်းကို စိတ်လှုပ်ရှားပြီး နည်းနည်းလည်း စိတ်ရှုပ်ထွေးနေသည်။ ခေါင်းမူးလာသလိုလိုပင်... အရမ်းကံကောင်းတယ်လို့တောင် သူမခံစားနေရသည်။ ယဲ့ချန်းဖုန်းကို သူမ ငေးကြည့်နေရင်း မျက်နှာ မီးဟပ်ခံရသလို ပူလာသည်။

သူမတိတ်ဆိတ်နေတာကို မြင်တော့ ယဲ့ချန်းဖုန်းက သူ့ကို Wechat တွင် သူငယ်ချင်းအဖြစ် လက်မခံချင်ဘူးလို့ တွေးမိသွားသည်။

"တောင်းပန်ပါတယ် မင်းအတွက် အဆင်မပြေရင်လည်း ရတယ်နော်"

"မဟုတ်ဘူး အဆင်ပြေတယ်"

ပိုင်ပေပေက သူမဖုန်းကို ခပ်မြန်မြန်ထုတ်လိုက်ပြီး QR Code ကို ဖွင့်လိုက်သည်။

"ညီမ Code ကို Scan ဖတ်လိုက်ပါလား"

"အိုကေ" ယဲ့ချန်းဖုန်းက QR code ကို scan ဖတ်လိုက်ပြီး သူမကို သူငယ်ချင်းအဖြစ် add လိုက်သည်။ ပိုင်ပေပေကို သူပြုံးလိုက်သည့် အပြုံးက သူမတစ်ကိုယ်လုံး ဓာတ်လိုက်သွားသလိုတောင် ခံစားလိုက်ရသည်။

တစ်ကိုယ်လုံး ပူတက်လာတာ နှလုံးသားအထိတောင် ပူလာသလိုပင်....

ယဲ့ချန်းဖုန်းက ကတိပေးလိုက်သည်။

"စိတ်မပူပါနဲ့ ကျွန်တော် မနှောင့်ယှက်ပါဘူး"

ပိုင်ပေပေရဲ့ နှလုံးသားက သူမရင်ဘတ်ထဲနေ ခုန်ထွက်လာတော့မလိုပင် ခုန်ပေါက်နေတာ မရပ်မနားပင်... သူမက ဒီလိုတောင် ပြောချင်နေတာ

'ကိစ္စမရှိဘူး အလိုရှိသလို နှောင့်ယှက်လို့ရတယ်' ဆိုပြီးတော့တောင်ပေါ့

ဒါပေမယ့် သူမ မပြောရဲပေ...သူမရဲ့ စိတ်လှုပ်ရှားမှုကို အတင်းဖိနှိပ်ပြီး နှုတ်ခမ်းစေ့ကာ ညင်သာစွာပြောလိုက်သည်။ "ညီမယုံပါတယ်"

South University ရဲ့ အနီးပတ်ဝန်းကျင်မှာ ဖြစ်လို့ ဒီကိုလာစားသည့် လူငယ်အများစုက South University မှ ဖြစ်ကြသည်။ သူမက ယဲ့ချန်းဖုန်းကို 'စီနီယာ'လို့ခေါ်တော့ သူ မအံ့ဩပေ...

နိုးထလာသော သန်မာသည့် အမျိုးသမီး ဇာတ်ရန် MM TranslationWhere stories live. Discover now